spot_img

လန်းစ်နောက်ခံလူကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ မန်စီးတီး

သတင်းထောက် ဘာဂါရဲ့အဆိုအရ မန်စီးတီးအသင်းဟာ လန်းစ်နောက်ခံလူ ကူဆာနော့ဗ်ကို ပေါင် ၄၁.၈ သန်းနဲ့ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အသက် ၂၀ အရွယ်ကစားသမားက စီးတီးထံပြောင်းချင်နေပြီး ၂၀၂၅ ခုနှစ်ရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာဖွယ်ရှိနေပါတယ်။ စီးတီးကစားသမားတော်တော်များများဒဏ်ရာပြဿနာတွေရှိနေတာကြောင့် လန်းစ်နောက်ခံလူကို အားဖြည့်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

စပိန်သားနည်းပြက အခုလာမယ့်ဆောင်းဈေးကွက်မှာ အသင်းနောက်တန်းကို အားဖြည့်ချင်နေပြီး ကူဆာနော့ဗ်ကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း စီးတီးဟာ ဖရန့်ဖတ်စတား အိုမာမာမွတ်ရှ်ကိုခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ အရပ် ၆ ပေ ၁ လက်မရှိတဲ့ ကူဆာနော့ဗ်ဟာ လန်းစ်အသင်းကို ၂၀၂၃ တုန်းက BGU အသင်းထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီး လန်းစ်အသင်းအတွက် ၃၁ ပွဲအထိ ပါဝင်ကစားထားကာ နိုင်ငံအသင်းဖြစ်တဲ့ ဥဇဘက်ကစ္စတန်အသင်းအတွက် ၁၈ ပွဲပါဝင်ကစားထားပါတယ်။

myan789

လန်းစ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဟာဗရီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ ကူဆာနော့ဗ်အနေနဲ့ ပါဝင်ကစားမယ်ဆိုရင် အဲ့ပွဲက သူ့ရဲ့လန်းစ်ကစားသမားဘဝနောက်ဆုံးပွဲဖြစ်လာဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular