ချဲလ်ဆီးအသင်းနည်းပြဟောင်း ပေါ်တာတစ်ယောက် တော့တင်ဟမ်အသင်းနည်းပြနေရာမှာ အစားဝင်မယ်လို့ ရေပန်းစားနေကြောင်း Betfair ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ လီဗာပူးကို ၆-၃ နဲ့အရေးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ဟာ ပိုစတီကိုဂလူနေရာမှာ အစားထိုးဖို့ သတင်းတွေထွက်လာခဲ့ပါတယ်။
Betfair ကတော့ ပိုစတီကိုဂလူသာ အထုတ်ခံခဲ့ရရင် သူ့နေရာမှာ ပေါ်တာက အစားဝင်ဖို့ ရေပန်းစားနေကြောင်း ဆိုပါတယ်။ “လီဗာပူးကို ၆-၃ နဲ့အရေးနိမ့်ပြီးနောက် ပိုစတီကိုဂလူအထုတ်ခံရဖို့က ၃ လေး ၁ လေးအထိ ရေပန်းစားလာခဲ့ပါတယ်။ သူ့နေရာမှာ ပေါ်တာအစားဝင်ဖို့ ရေပန်းစားနေပါတယ်။ ပေါ်တာက ၂ လေး ၁ လေးနဲ့ သူ့နေရာမှာအစားဝင်ဖို့ ရေပန်းစားနေပြီး အဲ့နောက် ဟိုဝီက ၉ လေး ၁ လေး ၊ ရော်ဂျာက ၁၂ လေး ၁ လေးနဲ့ ရေပန်းစားနေပါတယ်”လို့ Betfair ပြောရေးဆိုခွင့်ရှိသူ ဆမ်က ပြောကြားခဲ့ပါတယ်။
ပေါ်တာကတော့ ယခင်တုန်းက အာမိုရင်တစ်ယောက် ယူနိုက်တက်မရောက်လာခင် ချိတ်ဆက်ခံခဲ့ရသေးတာဖြစ်ပြီး ၂၀၂၃ ဧပြီလမှာ ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရပါတယ်။
လီဗာပူးအသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ပိုစတီကိုဂလူက ပွဲအပြီးမှာ စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် တော့တင်ဟမ်ဟာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး အင်တာဗျူးမှာ ပိုစတီက “အဲ့ပွဲက နာကျင်စရာတွေထဲကတစ်ခုပါ။ လီဗာပူးကို ချီးကျူးရပါမယ်။ သူတို့ တော်တော်လေးကောင်းခဲ့ပါတယ်။
သူတို့ အကောင်းဆုံးအခိုက်အတန့်တွေဖန်တီးနိုင်ခဲ့သလို စွမ်းဆောင်ရည်ကောင်းတွေကော ယုံကြည်မှုအပြည့်လည်းရှိခဲ့ပါတယ်။ ကျွန်တော်တို့ တော်တော်လေးဆိုးဝါးခဲ့ပါတယ်။
ကျွန်တော်တို့ စွမ်းအင်ပြတ်လပ်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာမေးခွန်းကိုတော့ ဖြေကြားဖို့ ကျွန်တော် ငြင်းဆန်ချင်ပါတယ်။ ယေဘုယျကို လူတွေမမြင်ရင် ကျွန်တော်ထောက်ပြမှာမဟုတ်ပါဘူး။
ခင်ဗျားလိုချင်တာကိုပဲ လုပ်ဆောင်ရမှာပါ။ မှန်ပါတယ်။ ကျွန်တော်တို့ ဂိုးတွေပေးခဲ့ရပါတယ်။ ပြီးတော့ ဂိုးသမားကော ၊ နောက်ခံလူ ၂ ဦးကော ၊ ဘယ်နောက်ခံလူပါ လွဲချော်နေတာကို ကျွန်တော်အကြောင်းမပြချင်ပါဘူး။ ကျွန်တော် ဘာဆက်ပြောရမလဲဆိုတာ မသိတော့ပါဘူး။ လူတွေက သူတို့စိတ်ထဲထင်တာကိုပြောကြပါတယ်။ ရလဒ်အရကြည့်မယ်ဆိုရင် လီဗာပူးက ကျွန်တော်တို့ထက်ပိုကောင်းခဲ့ပါတယ်။
လီဗာပူးအသင်းကိုလည်း ဂိုးသမား ၊ နောက်ခံလူ ၂ ဦး နဲ့ ဘယ်နောက်ခံလူ ၁ ဦးလောက်ဖယ်ထုတ်လိုက်မယ်ဆိုရင် သူတို့လည်း ကျွန်တော်တို့လိုခက်ခဲမှာပါ”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။