spot_img

၆ နှစ်ကြာကစားခဲ့ပြီးနောက် အမ်းမရိတ်ကနေထွက်ခွာတော့မယ့် အာဆင်နယ်စတား

အာဆင်နယ်အသင်းဘယ်နောက်ခံလူ တီယာနေးတစ်ယောက် ၆ နှစ်ကြာကစားခဲ့ပြီးနောက် အသင်းကနေထွက်ခွာတော့မယ်လို့ သိရပါတယ်။ စကော့တလန်သားဟာ ၂၀၁၉ တုန်းက ငယ်ဘဝကလပ် ဆဲလ်တစ်ကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ တီယာနေးတစ်ယောက် အာဆင်နယ်မှာ အလျင်အမြန်အထိုင်ကျခဲ့ပြီး ၂၀၂၀ – ၂၁ ရာသီမှာ ၂၇ ပွဲပါဝင်ခွင့်ရရှိခဲ့သလို ၂၀၂၁ – ၂၂ မှာ ၂၂ ပွဲ နဲ့ ၂၀၂၂ – ၂၃ ရာသီမှာ ၂၇ ပွဲထပ်မံပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာရဲ့အသင်းကို အဆင့်မြှင့်တင်မှုကြောင့် တီယာနေးအနေနဲ့ ဆိုစီဒက်အသင်းထံမှာ အငှားကစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီတံကောက်ကြောဒဏ်ရာကြောင့် နားနေခဲ့ရပြီး ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ အာဆင်နယ်အတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။

myan789

အခုချိန်မှာတော့ တီယာနေးအနေနဲ့ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပြီး အာဆင်နယ်တာဝန်ရှိသူတွေကလည်း စာချုပ်ထဲမှာပါဝင်တဲ့ သက်တမ်းတိုးရမယ့်အချက်ကို မပြုလုပ်တော့ဘူးလို့ အွန်စတိန်းက ဆိုပါတယ်။ အသက် ၂၇ နှစ်သားရဲ့စာချုပ်သက်တမ်းက ဇွန်လမှာကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အနေနဲ့ နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်ရှိနေပေမယ့် မတိုးတော့တာဖြစ်ပါတယ်။

Arsenal left-back Kieran Tierney is set to leave the club after six years at the club.  

ဒါကြောင့် စကော့တလန်သားအနေနဲ့ ဇန်နဝါရီမှာ ပြည်ပကလပ်အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ပါတယ်။ တီယာနေးကို အသင်းဟောင်း ဆဲလ်တစ်အပြင် အင်္ဂလိပ်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေသလို စပိန်အသင်းတွေကလည်း မျက်စိကျနေပါတယ်။

တီယာနေးဟာ ပဲလေ့စ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်အတွက် ၁၂၅ ပွဲမြောက်ပါဝင်ကစားခဲ့ပြီး ၅ ဂိုးသွင်း ၊ ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ကို ဂျီးဆပ်စ်ရဲ့ဟက်ထရစ်ကြောင့် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပဲလေ့စ်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့နောက် အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ အိုဒီဂတ် ၊ ဆာကာတို့ကိုပါထည့်သွင်းခဲ့ရပြီး ဂျီးဆပ်စ်က ဟက်ထရစ်သွင်းယူကာ ပဲလေ့စ်အတွက် ဒုတိယချေပဂိုးကို အန်ကီတီးယားက သွင်းယူပေးခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular