spot_img

ဒေါ့မွန်နဲ့ပွဲမှာ သူ့ရဲ့အိမ်နီးချင်းအား ပေးခဲ့တဲ့ ကတိကိုတည်နိုင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဟန်ဆီဖလစ်

ဗုဒ္ဓဟူးနေ့တွင် ဒေါ့မွန်ကို အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာသို့တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာနည်းပြက ပျော်ရွင်နေပါတယ်။ သူ့ရဲ့အိမ်နီးချင်းကလည်း ပျော်ရွင်နေမှာဖြစ်ပါတယ်လို့ ပွဲအပြီးမှာ ဖလစ်က ပြောကြားခဲ့ပါတယ်။

ဂျာမန်သားမန်နေဂျာနဲ့ ဘာစီလိုနာတို့ဟာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးညတွေမှာ ဒေါ့မွန်မှာ နေခဲ့ကြပေမယ့် သူ့ကတိအတိုင်း ဖလစ်က လုပ်နိုင်ခဲ့တာပါ။ “ဒီမှာ ပရိသတ်တွေ အများကြီးရှိနေတာက အရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ တနင်္လာနေ့တုန်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ ညစာစားပြီး စားသောက်ဆိုင်တစ်ခုမှာ အိမ်နီးချင်းတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက သူ့ကလေးသုံးယောက်နဲ့ လာကြည့်မှာဖြစ်ပြီး ဒေါ့မွန်နဲ့ပွဲကို အနိုင်ယူဖို့ ကျွန်တော့်အား ပြောကြားခဲ့ပါတယ်။ လီဗာပူးက လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်” လို့ ဖလစ်က Relevo ကို ရှင်းပြခဲ့ပါတယ်။

myan789

ဖလစ်အတွက် အဓိကပြဿနာက အသင်းရဲ့ဥရောပပုံစံကို ပြည်တွင်းလုပ်ဆောင်ချက်သို့ လွှဲပြောင်းခြင်းသာဖြစ်ပါတယ်။ ဘာစီလိုနာဟာ မကြာသေးမီနှစ်များအတွင်း လုပ်ဆောင်ခဲ့သည့်အရာများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး နောက်ဆုံး လိဂ် ၅ပွဲတွင် ၁ ပွဲသာအနိုင်ရရှိထားပါတယ်။

Barcelona beat Dortmund

“ဒီအောင်ပွဲက ကျွန်တော်တို့ကို ယုံကြည်မှုပေးသင့်တယ်။ ကျွန်တော်တို့က အရမ်းနည်းနဲ့ လူအင်အားနဲ့ ၃ ရက် သို့မဟုတ် ၄ ရက်တိုင်း ၁ ပွဲကစားနေရပါတယ်။ ကောင်းတဲ့အချက်က ကစားသမားတွေအားလုံး လေ့ကျင့်ရေးနဲ့ ပွဲတွေမှာ ဘယ်လိုပြုမူနေလဲဆိုတာကို ကြည့်ဖို့ပါပဲ။ တနင်္ဂနွေနေ့ လီဂါနက်စ်နဲ့ပွဲမှာ ဒါကို ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်” လို့ နည်းပြက ပြောပါတယ်။

ဘာစီလိုနာဟာ ၂၀၂၄ ခုနှစ်ကုန်ခါနီးတွင် လီဂါနက်စ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ကို အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားရမည့်ပွဲမှာ ၆ မှတ်ရရှိမှသာ ခရစ္စမတ်အားလပ်ရက်တွင် ထိပ်ဆုံးနေရာကို အာမခံနိုင်မှာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ဟာ စပိန်တွင် ခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပြီး ၁၀ ပွဲဆက်တိုက်အနိုင်ရရှိထားတာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular