spot_img

ပင်နယ်တီလွဲချော်မှုက ကြီးမားတဲ့ အမှားဖြစ်တယ်လို့ ဝန်ခံလာတဲ့ အမ်ဘာပေ

ယနေ့နံနက်က ဘီလ်ဘာအိုကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်စူပါစတား ခီလီယန်အမ်ဘာပေတစ်ယောက် ပင်နယ်တီလွဲချော်ခဲ့ပြန်ပြီး ပွဲအပြီးမှာတော့ အဆိုပါလွဲချော်မှုဟာ ကြီးမားတဲ့ အမှားဖြစ်တယ်လို့ ဝန်ခံလာခဲ့ပါတယ်။

အမ်ဘာပေက လွဲချော်မှုအတွက် သူ့မှာ တာဝန်အပြည့်ရှိကြောင်း ပြောကြားခဲ့ပြီး ပြင်သစ်သားဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပင်နယ်တီလွဲချော်ခဲ့သေးတာဖြစ်ပါတယ်။ ယခုရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနာနဲ့ ၄ မှတ်အထိကွာဟသွားခဲ့ပါတယ်။

myan789

ဘီလ်ဘာအိုအတွက်ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၅၃ မိနစ်မှာ ဘာရန်ဂူယာက စတင်သွင်းယူခဲ့ပြီး ၇၈ မိနစ်မှာတော့ ဂျူဒ်ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် ပြန်လည်ချေပပေးခဲ့ပါတယ်။ ထို့နောက် ၂ မိနစ်အကြာမှာပဲ ဘီလ်ဘာအိုက အနိုင်ဂိုးရခဲ့ပြီး လူးစားဝင်ကစားသမား ဂူရူဇီတာက သွင်းယူခဲ့တာကြောင့် အန်ဆယ်လော့တီရဲ့အသင်းဟာ ဒီရာသီ လာလီဂါမှာ ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။

၂-၁ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ယခု ရီးရဲလ်မက်ဒရစ်ရဲ့ရှုံးပွဲဟာ ပင်နယ်တီလွဲချော်ခဲ့တဲ့ အမ်ဘာပေရဲ့ ခေါင်းပေါ်ကျရောက်လာခဲ့ပြီး ပရိသတ်တွေအနေနဲ့ ပြင်သစ်လက်ရွေးစင်ကို ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Real Madrid superstar Kylian Mbappe admits penalty miss was a big mistake

ပွဲအပြီးမှာ အမ်ဘာပေက “သေးငယ်တဲ့အချက်အလက်တွေအရ ရလဒ်ပြောင်းသွားနိုင်တဲ့ ဒီလိုပွဲစဉ်မှာ ပင်နယ်တီလွဲခဲ့တယ်ဆိုတာ ကြီးမားတဲ့ အမှားတစ်ခုပါ။ ဒီအမှားအတွက် ကျွန်တော် တာဝန်အပြည့်အဝယူပါတယ်။ ခက်ခဲတဲ့အခိုက်အတန့်ဖြစ်ပေမယ့် ဒီလိုဖိအားတွေက ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြဖို့ အကောင်းဆုံးအခွင့်အရေးတွေပါပဲ” လို့ပြောကြားခဲ့ပါတယ်။ အမ်ဘာပေရဲ့လွဲချော်မှုနဲ့ပတ်သက်ပြီး နည်းပြ ကားလို့စ်အန်ဆယ်လော့တီက “သူအရမ်းဝမ်းနည်းသွားပုံပေါ်ပါတယ်။ ပြီးတော့ စိတ်လည်းပျက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် သူရှေ့ဆက်သွားနိုင်ဖို့ လိုပါတယ်။ အခုချိန်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို မရသေးပေမယ့် ကျွန်တော်တို့ သူ့ကိုအချိန်ပေးဖို့လိုအပ်ပါတယ်။ အခုချိန်မှာ သူ ၁၀ ဂိုးအထိသွင်းထားနိုင်ပေမယ့် ဒီထက်ပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာ အားလုံးသိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခု ဘီလ်ဘာအိုနဲ့ပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကတောင်ပံကစားသမား ဗင်နီစီးယက်စ် ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပေမယ့် အန်ဆယ်လော့တီဟာ ကွင်းလယ်လူ ချူအာမန်နီကိုတော့ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရီးရဲလ်မက်ဒရစ်ဟာ ယခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ အတော်လေးရုန်းကန်ခဲ့ရပြီး အခွင့်အရေးတွေလည်း အများအပြားဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ အမ်ဘာပေအနေနဲ့ ယခုပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့သေးပေမယ့် လူကျွံနေခဲ့တာကြောင့် ပြန်လည်ပယ်ဖျက်ခံခဲ့ရပါသေးတယ်။

အမ်ဘာပေရဲ့ ပင်နယ်တီကန်ချက်ကို ကာကွယ်နိုင်ခဲ့တဲ့ ဘီလ်ဘာအိုဂိုးသမား ကီပါက “ဒီရက်ပိုင်းမှာ ကျွန်တော်အများကြီးကြိုးစားထားပါတယ်။ အမ်ဘာပေက ပင်နယ်တီကန်တာ ကောင်းတဲ့ကစားသမားတစ်ယောက်ဆိုတာ သိထားပေမယ့် ပြီးခဲ့တဲ့ပွဲမှာ လွဲချော်ထားတယ်ဆိုတာလည်း သိထားပါတယ်။ ဒါကြောင့် သူတူညီတဲ့ပုံစံအတိုင်း ဆက်ကန်မယ်လို့ ယူဆခဲ့ပါတယ်။ ကျွန်တော်တို့ပရိသတ်တွေအရှေ့မှာ ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူရတာ တကယ်ကောင်းတဲ့ခံစားချက်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီမှာတော့ ပြင်သစ်စူပါစတား အမ်ဘာပေရဲ့လွဲချော်မှုတွေနဲ့အတူ ပြိုင်ပွဲ ၂ ရပ်စလုံးမှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတာကို မြင်တွေ့နေရပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular