လီဗာပူးနည်းပြ အန်းစလော့က မနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့ကြတဲ့ နောက်ခံလူ ကော်နာဘရက်ဒလေနဲ့ အီဘရာဟီမာကိုနာတေးတို့ရဲ့ဒဏ်ရာအခြေအနေတွေကို ပြောပြလာခဲ့ပါတယ်။
ဘရက်ဒလေဟာ ပွဲပြီးခါနီးမှာ ဒဏ်ရာရခဲ့တာကြောင့် ဂိုမက်ဇ်နဲ့လူစားလဲခဲ့ရတာဖြစ်သလို ကိုနာတေးကလည်း ပွဲအပြီး ကွင်းထဲမှာတင် ဆေးကုသမှုခံယူခဲ့ရပါတယ်။
အန်းစလော့က “သူတို့ရဲ့ဒဏ်ရာအခြေအနေအကြောင်းက မသိရသေးပါဘူး။ သူတို့နာကျင်နေတယ်ဆိုတာ သိပေမယ့် ပွဲအပြီးမှာတင် ချက်ချင်းသလို ဒဏ်ရာအခြေအနေအကြောင်း ကောက်ချက်ချဖို့က စောလွန်းပါတယ်။
ဒါမျိုးက ရာသီတစ်ခုအတွင်းမှာ ဖြစ်တတ်တဲ့အရာတွေပါပဲ။ ကျွန်တော်တို့ ဒီညမှာ အာနိုးလ်၊ ဂျိုတာ၊ အလီဆင်တို့မပါဘဲ ကစားခဲ့ရတာပါ။ အာနိုးလ်က အရန်ခုံမှာ ထိုင်နေပေမယ့် ပွဲစကတည်းက ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ အလားတူ ဒီပွဲမှာ ဆီမီကတ်စ်လည်း မပါဝင်နိုင်ခဲ့ပါဘူး။
ဒါမျိုးက ဘောလုံးရာသီတစ်ခုမှာ ဖြစ်လေ့ရှိတာတွေပါပဲ။ ကျွန်တော်ကတော့ ကစားသမားအားလုံးကို လိုအပ်တာကြောင့် သူတို့အားလုံး အမြန်ဆုံးပြန်လာတာကိုပဲ လိုချင်ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင် သူတို့နေရာမှာ အခြားကစားသမားတစ်ဦးက ဝင်ကစားပေးနေရတာကြောင့်ပါ။
ဒါမျိုးက လာမယ့် တနင်္ဂနွေညမှာလည်း ဖြစ်နိုင်ပြိး အဓိက ကစားသမားတွေ ပါဝင်ကစားမှာဖြစ်ပေမယ့် သူတို့မကစားနိုင်ရလည်း အခြားတစ်ယောက်က ဝင်ကစားမှာပါပဲ။”လို့ ပြောခဲ့ပါတယ်။