spot_img

လက်စတာနည်းပြသစ်ဖြစ်လာဖို့ အလားအလာများနေတဲ့ နစ္စတယ်ရွိုင်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဗန်နစ္စတယ်ရွိုင်းဟာ မကြာသေးမီက အိုးလ်ထရက်ဖို့ဒ်မှာ ယာယီနည်းပြတာဝန်ကိုထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါမှာတော့ လက်စတာနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
လက်စတာဟာ အသင်းရဲ့နည်းပြ စတိဗ်ကူပါကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ရှာဖွေနေခဲ့ပြီး နစ္စတယ်ရွိုင်းကို ခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ သတင်းတွေအရ လက်စတာဟာ ယခုတစ်ပတ် ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာပဲ နယ်သာလန်သားကိုခန့်အပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
ယူနိုက်တက်သို့ နည်းပြသစ်ရူဘင်အာမိုရင်ရောက်ရှိလာပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ရတဲ့ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်မှာ ၄ ပွဲအထိကိုင်တွယ်ခွင့်ရခဲ့ပြီး အဆိုပါ ၄ ပွဲအတွင်း လက်စတာကို ပရီးမီးယားလိဂ်မှာ ၁ ကြိမ်၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ်အထိ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

Former Manchester United legend Van Nistelrooy is reportedly the favourite to become Leicester's new manager

အသက်-၄၈ နှစ်အရွယ်နည်းပြဟာ ယခင်ကလည်း နယ်သာလန်ကလပ် ပီအက်စ်ဗွီမှာ နည်းပြတာဝန်ကိုထမ်းဆောင်ခဲ့ဖူးပြီး ၂၀၂၂-၂၃ ခုနှစ် KNVB ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ ယူနိုက်တက်ရဲ့လက်ထောက်နည်းပြတာဝန်ကို ထမ်းဆောင်ဖို့စိတ်အားထက်သန်ခဲ့ပေမယ့် အာမိုရင်က သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့သာ အလုပ်လုပ်လိုတာကြောင့် နယ်သာလန်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့ရတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လက်စတာဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်နဲ့ ရမှတ် ၁ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အပြီးမှာ လက်စတာဟာ လာမယ့်အပတ် ကြားရက်မှာ ဝက်စ်ဟမ်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်တွေမတိုင်မီ နစ္စတယ်ရွိုင်းကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာသွားဖွယ်ရှိနေပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular