spot_img

ကွင်းလယ်အနောက်ခြမ်းမှာကစားရတာကို နှစ်သက်မိကြောင်း ပီဒရီ ထုတ်ဖော်ပြောကြား

ဘရက်စ်ကိုချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ပွဲအတွင်း ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူ ပီဒရီက သူ့အနေနဲ့ ကွင်းလယ်အနောက်ခြမ်းမှာကစားရတာကို နှစ်သက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျာမန်သားနည်းပြလက်အောက်မှာ ပီဒရီဟာခြေစွမ်းကောင်းတွေပြသနေပြီး အခုနိုင်ပွဲမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ခံစားချက်အရမ်းကောင်းပါတယ်။ နောက်ခြမ်းမှာကစားရတာကိုလည်း ကြိုက်ပါတယ်။ ဘောလုံးနဲ့ပိုချိတ်ဆက်မိသလို ဒီနေရာမှာကစားရတာ သက်တောင့်သက်သာရှိစေပါတယ်။
သူတို့ကျွန်တော့်ကို MVP မပေးပါဘူး။ ပြီးတော့ အချို့လူတွေကတော့ အဲ့တာနဲ့ထိုက်တန်တယ်ဆိုပြီး ကျွန်တော့်ကိုပြောကြပါတယ်။ ဒါပေမယ့် သူတို့ အဲ့တာကို ကာဘာဆီထံပေးခဲ့ပါတယ်။
ကျွန်တော်ပျော်ပါတယ်။ အသင်းဘက်က ဘယ်သူပဲရရ ကျွန်တော် ကျေနပ်ပါတယ်။ စာချုပ်သစ်အနေအထားက ကျွန်တော်မသိသေးပါဘူး။
ဒါပေမယ့် ကျွန်တော်အမြဲပြောသလို ကျွန်တော်ဒီနေရာမှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ကျွန်တော့်အေးဂျင့်နဲ့လည်း စကားပြောဖြစ်ပါတယ်”လို့ ပီဒရီက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ လာမယ့်လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမက်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular