spot_img

အသင်းဟောင်း လက်စတာနဲ့ ပြန်လည်ဆုံတွေ့ရဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက လာမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရမယ့် အသင်းဟောင်း လက်စတာနဲ့ ပြန်လည်ဆုံတွေ့ရဖို့ မစောင့်နိုင်တော့ဘူးလို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယခုပွဲစဉ်ကို ချဲလ်ဆီးဟာ လက်စတာရဲ့အိမ်ကွင်း ကင်းပါဝါအားကစားကွင်းကြီးထဲမှာ သွားရောက်ကစားရမှာဖြစ်ပြီး မာရက်စ်ကာအနေနဲ့ ယခင်ရာသီက အိမ်ကွင်းဟောင်းသို့ တဖန်ပြန်လည် ခြေချသွားရတော့မှာဖြစ်ပါတယ်။

myan789

ပြီးခဲ့တဲ့ရာသီက မာရက်စ်ကာဟာ လက်စတာကို ချန်ပီယံရှစ်မှာ အကောင်းဆုံးဦးဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ အသင်းဟောင်းကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်သွားရမယ့်အပေါ် အီတလီသားက “ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ လက်စတာနဲ့အတူ အရမ်းကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့လို့ ကျေးဇူးလည်းတင်ပါတယ်။

လက်စတာရဲ့ အသင်းပိုင်ရှင်နဲ့ သူ့ရဲ့မိသားစုက တကယ်ကောင်းတဲ့လူတွေပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအပေါ်အရမ်းဂရုစိုက်ကြပါတယ်။ လက်စတာမှာ လူကောင်းတွေနဲ့ပဲတွေ့ခဲ့ရလို့ ရာသီကောင်းတစ်ခုကိုဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားက ဆက်သွယ်မှုကလည်း ရင်းရင်းနှီးနှီးပါပဲ။ ကျွန်တော် သူတို့နဲ့ အဆက်အသွယ်ရှိနေတုန်းပါ” လို့ပြောကြားခဲ့ပါတယ်။

Chelsea manager Enzo Maresca has revealed he can't wait to face Leicester

ဆက်လက်ပြီး မာရက်စ်ကာကို လက်ရှိအချိန်မှာ ပိုကောင်းတဲ့နည်းပြတစ်ယောက်ဖြစ်လာပြီလို့ ခံစားရသလားလို့ မေးမြန်းခဲ့ရာက အီတလီသားက “ကျွန်တော် နေ့ရက်တိုင်းမှာ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ တိုးတက်မှုတွေရှိလာပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့က ကစားသမားတွေ တိုးတက်ဖို့ ကြိုးစားရသလို၊ ကိုယ်တိုင်ကလည်း မန်နေဂျာတစ်ယောက်၊ ဝန်ထမ်းတစ်ယောက်အနေနဲ့ တိုးတက်အောင် ကြိုးစားနေရတာပါပဲ”

“တိုးတက်မှုရှိဖို့ နေ့တိုင်းကြိုးစားနေပေမယ့် ပိုကောင်းလာသလား၊ ပိုဆိုးလာသလားတော့၊ ကျွန်တော်လည်း မပြောတတ်ပါဘူး။ အရေးကြီးဆုံးအရာကတော့ အမြဲတမ်းကြိုးစားနေဖို့ပါပဲ။ ကျွန်တော်ကလည်း ဒီတစ်ချက်တည်းပေါ်မှာပဲ အာရုံစိုက်ထားပါတယ်” လို့ဖြေကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular