ကွင်းလယ်ရဲ့ နေရာတူတွင် ကစားနေရတဲ့ အသင်းဖော်သစ် ယူဂါတီနှင့်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကက်စ်မဲရိုးက ပြောကြားလိုက်ပါတယ်။ ကွင်းထဲမှာအတူရှိနေတဲ့အချိန်မှာ နှစ်ဦးကြား နားလည်မှုက တိုးတက်လာတာကြောင့် စိတ်ကျေနပ်မိကြောင်း ဘရာဇီးနိုင်ငံသားက ပြောကြားထားပါတယ်။
ယူနိုက်တက်အသင်းဖော်သစ် ယူဂါတီနှင့် ဆက်ဆံရေးတိုးတက်လာတဲ့အပေါ် အရမ်းကိုကျေနပ်မိကြောင်း ဘရာဇီးကွင်းလယ်ကစားသမားက ပြောကြားလိုက်ပါတယ်။
ယာယီနည်းပြ နစ္စတယ်ရွိုင်းရဲ့လက်အောက်မှာ သူတို့နှစ်ဦးက အတူတူပွဲထွက်ခဲ့ရတာဖြစ်ပြီး ကွင်းအတွင်းမှာ အတူတူ ဆက်လက်ရှိနေနိုင်တာဖြစ်ပါတယ်။
“သူနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက ကောင်းပါတယ်။ တစ်ဦးကရှေ့တက်ရင် အခြားတစ်ဦးက ကာမိအောင်ကစားပေးပြီး နှစ်စလုံး အပြန်အလှန်ပါပဲ။ အခြားပွဲတွေမှာလည်း အတူတူပဲလို့ ထင်ပါတယ်”
“သူက အရမ်းကိုကောင်းတဲ့သူဖြစ်ပါတယ်။ ကျင်နာမှုရှိတဲ့ လူသားတစ်ဦးပါ။ သူရဲ့ဥရုဂွေးလက်ရွေးစင်အသင်းမှာလည်း ကစားသမားကောင်းတွေများပါတယ်။ သူက ကျွန်တော့်အပေါ်မှာတင်မဟုတ်ဘဲ အခြားကစားသမားတွေအပေါ်မှာလည်း လေးစာမှုအပြည့်ရှိတဲ့သူပါ။ ကစားသမားကောင်းတွေရှိတာက ကျွန်တော်တို့အတွက်ကောင်းပါတယ်” လို့ ကက်စ်မဲရိုးက ပြောပါတယ်။
ဒီကစားသမားနှစ်ဦးအကြား ဆက်ဆံရေးကောင်းနေတာက နည်းပြသစ်အမ်မိုရင်အတွက် သတင်းကောင်းပဲဖြစ်ပါတယ်။