spot_img

နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဒဏ်ရာကနေပြန်လာမယ့် အာဆင်နယ်စတား ၂ ဦး

သတင်းတွေအရ အာဆင်နယ်စတား ၂ ဦးဖြစ်တဲ့ ကာလာဖီအိုရီ နဲ့ တိုမီယာဆုတို့ အခုလာမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ဒဏ်ရာကနေ ပြန်လာတော့မယ်လို့ သိရပါတယ်။

ကာလာဖီအိုရီက အောက်တိုဘာလတုန်းက ရှက်တာနဲ့ချန်ပီယံလိဂ်ပွဲမှာ ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

myan789

ဒါ့အပြင် တိုမီယာဆုကလည်း အာဆင်နယ်ထံရောက်လာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေခဲ့ရပါတယ်။

အခုလာမယ့်နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တိုမီ နဲ့ ကာလာဖီအိုရီတို့ ပြန်လာမယ့်သတင်းက အာဆင်နယ် နဲ့ အာတီတာအတွက် သတင်းကောင်းဖြစ်လာပါတယ်။

အခြားတစ်ဖက်မှာ ဘင်ဝှိုက်တစ်ယောက် ခွဲစိတ်မှုခံယူမယ့်အနေအထားမှာ ကာလရှည်လက်လွှတ်ရမှာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့အခုရာသီခံစစ်ပြဿနာက အဆိုးဝါးဆုံးဖြစ်နေပြီး ဘင်ဝှိုက် ၊ တိုမီယာဆု ၊ တင်းဘား ၊ ခီဗီယော ၊ ဇင်ချန်ကို ၊ တီယာနေးတို့ ဆက်တိုက်ဒဏ်ရာရရှိနေကာ တကယ့်အမာခံအဖြစ် ဂါဘရီရယ် နဲ့ ဆာလီဘာတို့သာ ရှိနေတာဖြစ်ပါတယ်။

ကြံ့ခိုင်မှုပြည့်ဝမယ်ဆိုရင် ကာလာဖီအိုရီ နဲ့ တိုမီယာဆုတို့ အခုလာမယ့်နိုဝင်ဘာ ၂၃ ရက်နေ့မှာကန်မယ့် နော်တင်ဟမ်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အာတီတာကတော့ အဆိုပါစတား ၂ ဦးစလုံးအရန်ခုံမှာပါဝင်လာဖို့မျှော်လင့်နေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular