အင်တာမီယာမီစတား မက်ဆီကတော့ အသင်းနဲ့အတူ မေဂျာလိဂ်ဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘော်လွန်းဒီအော်ဆုရှင် ၈ ကြိမ်ရ မက်ဆီဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်တင်နိုင်ခဲ့ပြီး ဆုဖလား ၄၆ လုံးအထိ ရယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မေဂျာလိဂ်မှာလည်း အင်တာမီယာမီဟာ တစ်ရာသီအတွင်းအမှတ်အများဆုံးစံချိန်တင်ထားနိုင်ခဲ့ကာ မက်ဆီက ၂၀ ဂိုးသွင်း ၊ ၁၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခြေစစ်ပွဲအဖြစ် အတ္တလန္တာယူနိုက်တက်နဲ့ ၃ ပွဲကန်ရမှာဖြစ်ပြီး အဆိုပါပြိုင်ပွဲက ၂၀၂၅ ဖေဖော်ဝါရီမတိုင်အထိ မကန်ရသေးတာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲဟာ မက်ဆီအတွက် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲဝင်လာမှာဖြစ်ပြီး မက်ဆီက လူမှုမီဒီယာကနေ ပြိုင်ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားတယ်လို့ တင်ခဲ့ပါတယ်။
“ရာသီတစ်ခုပြီးဆုံးတော့မှာဖြစ်ပြီး အသင်းတစ်သင်းအနေနဲ့ ဆက်လက်တိုးတက်ချင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အောင်မြင်မှုအချို့ရယူချင်ပါတယ်။ အဲ့ထက်လည်း ပိုလိုချင်ပါတယ်။
ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အခုတော့ လာမယ့်နှစ်မှာ အသန်မာဆုံးပြန်လာဖို့ အဆင်သင့်ဖြစ်နေရပါမယ်”လို့ မက်ဆီက တင်ခဲ့ပါတယ်။
မက်ဆီရဲ့စာချုပ်ထဲမှာ ၁၂ လထပ်မံသက်တမ်းတိုးခွင့်ပါရှိပေမယ့် အင်တာမီယာမီနည်းပြက သူ့အနေနဲ့ မက်ဆီတစ်ယောက် စာချုပ်သက်တမ်းတိုးမလားဆိုတာ မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ လာမယ့်ရာသီသစ်မှာ ဆုဖလားအများအပြားအတွက် ပြိုင်ပွဲဝင်ရမှာဖြစ်ပြီး လိဂ်ဖလား ၊ ကွန်ကာကက်ဖ်ချန်ပီယံ နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေပါဝင်ရမှာဖြစ်ပါတယ်။