spot_img

ဆိုးဝါးတဲ့အခြေအနေတွေမှာ လက်လျော့ဖို့ဆိုတာက ရွေးချယ်စရာတစ်ခုမဟုတ်ဘူးလို့ ဘယ်လင်ဟမ် ထုတ်ဖော်ပြောကြား

စနေနေ့က အိုဆာဆူနာကို ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘယ်လင်ဟမ်တစ်ယောက် ရီးရဲလ်အသင်းအတွက် ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးဟာ အင်္ဂလန်သားရဲ့ဒီရာသီပထမဆုံးဂိုးဖြစ်လာခဲ့ကာ အချက်အလက်အပြီးမှာ တစ်စုံတစ်ခုကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အသင်းနိုင်ပွဲ နဲ့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေတဲ့ပုံတွေနဲ့အတ ဘယ်လင်ဟမ်က အင်စတာဂရမ်မှာ “ဆိုးဝါးတဲ့အခြေအနေတွေမှာတောင် လက်လျော့ဖို့ဆိုတာက ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး။ မက်ဒရစ်သားတွေရေ။ ကောင်းမွန်တဲ့အခိုက်အတန့်တွေကော ဆိုးဝါးတဲ့အခိုက်အတန့်တွေမှာပါ အားပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။

myan789

ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရီးရဲလ်အသင်းအတွက် ၂၃ ဂိုးသွင်း ၊ ၁၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အသင်းကို လာလီဂါ နဲ့ ချန်ပီယံလိဂ်ဆုဖလားတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေအပြင် မတူညီတဲ့နေရာမှာကစားနေရတာကြောင့် အင်္ဂလန်သားအနေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်သားရဲ့စနေနေ့စွမ်းဆောင်ရည်ကတော့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့ ဆိုနိုင်တာဖြစ်ပါတယ်။ ဘယ်လင်ဟမ်ဟာ ဘော်လွန်းဒီအော်ဆုပေးပွဲမှာ တတိယနေရာရခဲ့ပြီး လိဂ်ပွဲတွေပြန်မလာခင် လာမယ့်နေးရှင်းလိဂ်ပွဲတွေဖြစ်တဲ့ ဂရိ ၊ အိုင်ယာလန်တို့နဲ့ပွဲတွေမှာ အင်္ဂလန်အသင်းအတွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular