spot_img

ဇီကာဇီးဟာ ယူနိုက်တက်အတွက်အဆင်မပြေနိုင်သေးဘူးလို့ အီယန်ရိုက် အခိုင်အမာဆို

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ယူနိုက်တက်တိုက်စစ်မှူး ဇီကာဇီးဟာ အသင်းအတွက်အဆင်မပြေနိုင်သေးဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ နွေရာသီတုန်းက ယူနိုက်တက်ဟာ အသက် ၂၃ နှစ်သားကို ပေါင် ၃၆ သန်းပေးချေပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာမြေမှာ အထိုင်ကျဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး သြဂုတ်လလယ်နောက်ပိုင်းကတည်းက ဂိုးပေါက်ရှာမတွေ့သေးတာဖြစ်ပါတယ်။ နယ်သာလန်သား ဂိုးပေါက်ပျောက်နေတာက အံ့ဩစရာမရှိသလို အသင်းဟောင်း ဘိုလော့ဂ်နာမှာတုန်းကလည်း စီးရီးအေ ၅၈ ပွဲမှာ ၁၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဇီကာဇီးတစ်ယောက် ယူနိုက်တက်နည်းပြသစ် အာမိုရင်လက်အောက်မှာ ပုံစံကောင်းပြန်ရလာနိုင်ဖို့ မျှော်ငလ့်ရတာဖြစ်ပါတယ်။

myan789

“ခင်ဗျားတစ်ခုခုသိထားလား။ ကျွန်တော် ယူနိုက်တက်တိုက်စစ်မှူးတွေကို ကြည့်လိုက်ချိန်မှာ ဟွိုက်လန်း နဲ့ ဇီကာဇီးတို့ကိုတွေ့ပါတယ်။ တိုက်စစ်မှူးတွေက အသင်းတစ်သင်းမှာ အရေးပါပါတယ်။

သူတို့က အသင်းကို ထိပ်ဆုံး ၄သင်း ၊ ချန်ပီယံလိဂ် နဲ့ ဆုဖလားစိန်ခေါ်နိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဇီကာဇီးကတော့ အဲ့လိုတိုက်စစ်မှူးမျိုးလို့ ကျွန်တော်မမြင်ပါဘူး။

ဟွိုက်လန်းကတော့ ကျွန်တော်ပြောသလိုဖြစ်နိုင်တဲ့တိုက်စစ်မှူးပါ။ သူ့ကိုကြည့်ရတာ အနာဂတ်မှာ ပိုကောင်းလာနိုင်မယ့်သူပါ။ သူ့ကိုအခွင့်အရေးတွေသာ ဖန်တီးပေးနိုင်မယ်ဆိုရင် သူက ထိပ်တန်းအဆင့်ဖြစ်လာနိုင်ပါတယ်။

ဇီကာဇီးကတော့ သူနဲ့မတူပါဘူး။ သူ့ရဲ့ရွှေ့လျားမှုတွေကိုကြည့်လိုက်ရင် ဘာမှမထူးခြားပါဘူး။ ဟွိုက်လန်း နဲ့ အခြားသူတွေကတော့ သူနဲ့မတူပါဘူး။ ယူနိုက်တက်မှာ တိုက်စစ်မှူး လိုအပ်နေဆဲပါ။ မားကပ်စ်ကို တိုက်စစ်မှူးပြောင်းချင်ရင်တော့ ရနိုင်ပါတယ်။ ဟွိုက်လန်းနဲ့အတူကစားဖို့ တိုက်စစ်မှူး လိုအပ်ပါတယ်။ အာမိုရင်လာတော့မှာဖြစ်ပြီး ဇီကာဇီးတစ်ယောက် ပုံစံကောင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Former Arsenal legend Ian Wright insists that United striker Zikazi is still not fit for the team.

သူက တိုက်စစ်မှူးစစ်စစ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကိုစောင့်ကြည့်ချင်ပါသေးတယ်”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်နေရတာကြောင့် ဇီကာဇီးတစ်ယောက် အသင်းကနေထွက်ခွာဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

တန်ဟက်ကလည်း မကြာသေးခင်တုန်းက သူ့အနေနဲ့ ဇီကာဇီးကို အလိုရှိခဲ့တာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ တန်ဟက်လက်အောက်မှာ ယူနိုက်တက်ဟာ အဆင့် ၁၃ နေရာအထိ ကျဆင်းခဲ့ပြီး တန်းဆင်းဇုန်နဲ့ ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

မကြာခင်မှာ အာမိုရင်ဟာ ယူနိုက်တက်အသင်းထံရောက်လာတော့မှာဖြစ်ပြီး အဲ့မတိုင်ခင် ချန်ပီယံလိဂ်မှာ ဂွါဒီယိုလာရဲ့စီးတီးကို ၄-၁ နဲ့အနိုင်ယူထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာ ယူရိုပါလိဂ်ပွဲအဖြစ် PAOK နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် အာမိုရင်မလာခင် လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular