ထရာဇွန်စပေါအသင်းကို ၃-၂ နဲ့အနိုင်ရခဲ့ပြီးနောက် ဖီနာဘာချီနည်းပြ မော်ရင်ဟိုက VAR ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို ဒေါသတကြီးဝေဖန်လိုက်ပါတယ်။ ဖီနာဘာချီအသင်းဟာ ထရာဇွန်စပေါအသင်းကို အမရာဘတ်ရဲ့နောက်ကျမိနစ်ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အဲ့နောက် ကွင်းလယ်ဒိုင်တွေရဲ့ကိုင်တွယ်ပုံကို သဘောကျခဲ့ပေမယ့် VAR ဒိုင်တွေကိုတော့ ဝေဖန်ခဲ့ကာ တူရကီပွဲတွေမှာ လာဘ်စားမှုတွေရှိနေတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“ဒီနေ့ပွဲရဲ့အကောင်းဆုံးကစားသမားက VAR ဒိုင် အက်တီလာပါ။ ကျွန်တော်တို့ သူ့ကိုမမြင်ပါဘူး။ ဒါပေမယ့် သူက ဒိုင်အဖြစ်ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ထဲက ကွင်းထဲမှာ ကောင်လေးဖြစ်နေပါတယ်။ တကယ့်ဒိုင်က VAR ဒိုင်ဖြစ်နေပါတယ်။
သူက အရေးပါတဲ့ပွဲမှာ ပျောက်ကွယ်နေပါတယ်။ ကျွန်တော်ဖီနာဘာချီပရိသတ်တွေအစား ပြောချင်ပါတယ်။ သူ့ကိုနောက်တစ်ကြိမ်မလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ တော်တော်ဆိုးလို့ပါ။ ကျွန်တော်တို့ သူ့ကိုကွင်းထဲမှာကော VAR ဒိုင်အဖြစ်ပါ မလိုချင်ပါဘူး။
ကျွန်တော်ဘာပြောလဲဆိုတာကို ကျွန်တော်သိပါတယ်။ အဲ့တာက ထင်ထားတာထက်ဆိုးဝါးပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီဘက်ကိုပဲ ဦးစားပေးပြောချင်ပါတယ်။ အဲ့တာက ပိုခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ထရာဇွန်စပေါလိုအသင်းကောင်းနဲ့ပြိုင်ဘက်အဖြစ် ကစားခဲ့ရတာပါ။
သူတို့က တကယ်ကောင်းတဲ့အသင်းဖြစ်သလို ကစားသမားကောင်းတွေကော သမိုင်းဝင်နည်းပြပါရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းစနစ်ကောင်းကောင်းနဲ့ကစားနိုင်ခဲ့ပါတယ်။ ဒီလိုနည်းစနစ်နဲ့ကစားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။
ဒီနေ့ညမှာ ကျွန်တော်တို့ အသင်းကောင်းနဲ့ရင်ဆိုင်ခဲ့ရပေမယ့် VAR က ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်မှာရှိနေခဲ့ပါတယ်။ အဲ့တာက အရမ်းခက်ခဲပါတယ်။
ဒါကြောင့် ပွဲပြီးချိန်မှာ ကျွန်တော်တို့ အောင်ပွဲခံခဲ့တာပါ။ ဒီပွဲနိုင်လိုက်တာဟာ မယုံကြည်နိုင်စရာဖြစ်ခဲ့သလို ကျွန်တော်တို့ အရှုံးမပေးဘူးဆိုတာကို မြင်နိုင်ပါတယ်။ ကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကို သိပါတယ်။
ကောင်လေးတွေအကောင်းဆုံးတိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ သူ(ကာရာအိုဂလန်)က ပြိုင်ဘက်အသင်းကို ပင်နယ်တီ ၂ ကြိမ်ပေးခဲ့ပါတယ်။ အဲ့တာကို ဒိုင်က မပေးခဲ့ပါဘူး။ အဲ့နောက် သူက တူရကီလက်ဖက်ရည်သောက်နေခဲ့ပါတယ်။
ကျွန်တော်တို့ ပင်နယ်တီကျတော့ မပေးခဲ့ပါဘူး။ သူအိပ်ငိုက်နေတာ ဒါမှမဟုတ် လက်ဖက်ရည်သောက်နေတာ မမြင်တာနေမှာပါ။ ဒါက ရယ်ရပါတယ်။ အဆုံးသတ်မှာ ကျွန်တော် တူရကီမြေမှာ အလုပ်လုပ်ခဲ့ပေမယ့် ဒီနိုင်ငံက ကျွန်တော့်နိုင်ငံမဟုတ်ပါဘူး။
ကျွန်တော့်အသင်း ကျွန်တော့်အလုပ်ဖြစ်တာကြောင့် ဂရုစိုက်ရပါတယ်။ ဒီနေ့ပွဲ VAR က တော်တော်ဆိုးပါတယ်။ နည်းစနစ်က ကျွန်တော့်ကို အပြစ်ပေးဖို့ ကြိုးစားခဲ့သလို ကျွန်တော့်ပါးစပ်ကိုပိတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဒိုင်တွေနဲ့ပတ်သက်ပြီး ပြဿနာတွေရှိခဲ့တာဖြစ်ပြီး ယခင်တုန်းကလည်း ပေါ်တူဂီ ၊ အင်္ဂလန် ၊ အီတလီ ၊ စပိန်တို့မှာလည်း ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။