ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းက ဂျာမန်ပိုကယ်ဖလားပွဲအဖြစ် မိန့်ဇ်နဲ့ပွဲက ပထမပိုင်းခြေစွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ ကွန်ပနီရဲ့အသင်းဟာ မိန့်ဇ်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး ပထမပိုင်းခြေစွမ်းကို ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။
ကိန်းက သွင်းဂိုးမရခဲ့ပေမယ့် ပရိသတ်တွေက ဒီရာသီ ၁၃ ပွဲအတွင်း ၅ ကြိမ်မြောက်ဂိုးမရခဲ့တဲ့ အင်္ဂလန်သားကို ခွင့်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အတွက်ဂိုးတွေကို မူစီယာလာက ဟက်ထရစ် နဲ့ လီရွိုင်းဆာနေးတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ ကိန်းက အင်စတာဂရမ်မှာ အောင်ပွဲခံခဲ့ပါတယ်။
“ပထမပိုင်းမှာတင် ကျွန်တော်တို့ ပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကို ဆက်သွားကြပါမယ်”လို့ ကိန်းက တင်ခဲ့ပါတယ်။
ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ကြားရက်တုန်းက ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ၄-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ကိန်း နဲ့ ဘိုင်ယန်အသင်းဖော်တွေဟာ ရလဒ်ဆိုးတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းဖလားမှာလည်း ဘိုင်ယန်ဟာ ဘိုချမ်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဖြစ်ပြီး ထိပ်ဆုံးနေရာမှာ လိုက်ပ်ဇစ်နဲ့ အမှတ်တူအနေအထားမျိုးရပ်တည်နေပါတယ်။ ဘိုင်ယန်ဟာ လာမယ့်စနေနေ့မှာ ယူနီယံဘာလင်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်မှာ ဘင်ဖီကာအသင်းနဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။