spot_img

ယူနိုက်တက်၊ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့နောက်တစ်ဆင့်တက်ပြီး မန်စီးတီးနဲ့ ချဲလ်ဆီးတို့ထွက်ခွာခဲ့ရတဲ့ ကာရာဘောင်ဖလားပွဲစဉ်များ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွေမှာ ယူနိုက်တက်၊ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး မန်စီးတီးနဲ့ ချဲလ်ဆီးတို့ကတော့ ရှုံးပွဲကိုယ်စီနဲ့ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

မန်စီးတီးနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ တော့တင်ဟမ်ဟာ ယခုပွဲစဉ်ကို လူစာရင်းအပြည့်နဲ့ ပွဲထွက်ယှဉ်ပြိုင်လာခဲ့ပြီး ပထမပိုင်းမှာပဲ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ပွဲကိုအသားစီးနဲ့စိုးမိုးနိုင်ခဲ့တာဖြစ့်ပါတယ်။ မန်စီးတီးကတော့ လူငယ်ကစားသမားအများစုကိုသာ ပွဲထုတ်ခဲ့ပြီး နိုင်ပွဲရဖို့ အကောင်းဆုံးပြင်ဆင်လာခဲ့ခြင်းမရှိပါဘူး။

myan789

တော့တင်ဟမ်အတွက်ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပဲ ကူလူဆက်ဗ်စကီးရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် တီမိုဝါနာက စတင်သွင်းယူပေးခဲ့ပြီး မိနစ် ၂၀ အကြာမှာတော့ ပါပေဆားက ဦးဆောင်မှုကို ၂ ဆတိုးစေဖို့ ၂၅ ကိုက်အကွာကနေ ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ပထမပိုင်းပြီးကာနီးမှာ နူနက်စ်ရဲ့သွင်းဂိုးနဲ့အတူ ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ပထမပိုင်းကရလဒ်အတိုင်းပဲ ၂-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးကလည်း ကိုဒီဂတ်ပိုရဲ့သွင်းဂိုး ၂ ဂိုးအပါအဝင် ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၃ နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ သို့သော်လည်း လီဗာပူးအနေနဲ့ ဘရိုက်တန်ကို လွယ်လွယ်ကူကူအနိုင်ရခဲ့တာမဟုတ်ဘဲ ခက်ခက်ခဲခဲကစားခဲ့ရပြီး ဒုတိယပိုင်းရောက်မှာသာ ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအတွက်ဂိုးတွေကို ဂတ်ပိုနဲ့ လူးဝစ်ဒီယက်ဇ်တို့က သွင်းယူပေးခဲ့ပြီး ဘရိုက်တန်အတွက်ဂိုးတွေကိုတော့ အာဒင်ဂရာနဲ့ လမ့်ပ်တေးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်က ခြေစွာနေတဲ့အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၁-၂ နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ပွဲအစ ၈ မိနစ်မှာပဲ တန်ပြန်တိုက်စစ်မှတစ်ဆင့် ခရစ္စတယ်ပဲ‌လေ့စ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ခြေစွမ်းပြနေတဲ့ အီဇီက သွင်းယူပေးခဲ့ကာ ၂၃ မိနစ်မှာတော့ ဒူရန်က ဗီလာအတွက် ပြန်လည်ချေပခဲ့ပါတယ်။ သို့သော်လည်းဒုတိယပိုင်းမှာတော့ အိုလီဝက်ကင်းစ်မပါဝင်တဲ့ ဗီလာတိုက်စစ်က ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရတာကြောင့် ပဲလေ့စ်ကပဲအနိုင်ဂိုးရရှိခဲ့ကာ ၆၄ မိနစ်မှာ ကာမာဒါက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Manchester City and Chelsea bid farewell to the League Cup

ယူနိုက်တက်ကို ပထမဆုံးအကြိမ် တာဝန်ယူခွင့်ရတဲ့ ဗန်နစ္စတယ်ရွိုင်းကတော့ လက်စတာကို ၅-၂ နဲ့ပြတ်ပြတ်သားသားအနိုင်ယူပြီး ယာယီနည်းပြဘဝ ပထမဆုံးပွဲမှာပဲ အဖွင့်လှခဲ့ပါတယ်။ ကတ်စ်မဲရိုးရဲ့ဂိုးနဲ့ ပွဲအစ ၁၅ မိနစ်မှာပဲ လက်စတာကိုစတင်ဦးဆောင်ခဲ့တဲ့ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်းမှာပဲ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်အစွမ်းပြခဲ့ပါတယ်။ လက်စတာအနေနဲ့ ပထမပိုင်းမှာ ၂ ဂိုးအထိပြန်သွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ဂိုးပြတ်ရှုံးပွဲနဲ့အတူ ကာရာဘောင်ဖလားကို လက်ပြနှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ဂိုးတွေကို ကတ်စ်မဲရိုးနဲ့ ဖာနန်ဒက်စ်တို့က ၂ ဂိုးစီနဲ့ ဂါနာချိုက ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ကလည်း ပရီးမီးယားလိဂ်မှာ ပူပူနွေးနွေးရှုံးနိမ့်ထားခဲ့တဲ့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ၂-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီး လက်စားချေနိုင်ခဲ့ပါတယ်။ နယူးကာဆယ်အနေနဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာပဲ ရရှိခဲ့တာဖြစ်ပြီး ၂၃ မိနစ်မှာ တိုက်စစ်မှူး အီဆက်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ကာ ၂၆ မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ ဒီဆာဆီက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာဖြစ်ပါတယ်။

အခြားပွဲစဉ်မှာ အာဆင်နယ်က ပရက်စ်တန်ကိုအဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့ရပေမယ့် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို သက်တောင့်သက်သာဖော်ဆောင်နိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက်ဂိုးတွေကို ဂျီးဆပ်နဲ့ နွာနီရီတို့က ပထမပိုင်းမှာ သွင်းယူပေးခဲ့ပြီး တတိယအနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ၅၇ မိနစ်မှာ ကိုင်ဟားဗက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နိုင်ပွဲကိုယ်စီနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားတဲ့အသင်းတွေဟာ ဘယ်အသင်းနဲ့ထပ်မံတွေ့ဆုံသွားဦးမလဲဆိုတာ မဲနှိုက်ရွေးချယ်သွားရဦးမှာဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့်ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular