ဖလော်ရီဒါတွင် အိမ်တစ်လုံး ဝယ်ယူခဲ့ပြီးနောက် အင်တာမီယာမီမှာ မက်ဆီနှင့် ပြန်လည်ပေါင်းစည်းသွားဖို့ရှိနေပါတယ်လို့ ဘရာဇီးစတား နေမာက ပြောကြားလိုက်ပါတယ်။
နေမာ ဖလော်ရီဒါတွင် နေအိမ်ဝယ်ယူဖို့အတွက် ဒေါ်လာ ၂၆ သန်း (ပေါင် သန်း ၂၀) အထိ များပြားစွာ အသုံးပြုခဲ့တာဖြစ်ပါတယ်လို့ Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။ ဒါကြောင့် နေမာဟာ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းဖော်ဟောင်း မက်ဆီနှင့် အင်တာမီယာမီမှာ ပြန်လည်ပေါင်းစည်းမယ် ပြောဆိုနေကြတာဖြစ်ပြီး အဆိုပါနေအိမ်ဟာ စတုရန်းပေပေါင်း ၁၃၀၀၀ ကျော် ကျယ်ဝန်းတာလည်းဖြစ်ပါတယ်။ နေအိမ်ကိုဝယ်ယူပေးခဲ့တဲ့ ကိုယ်စားလှယ်က သူ့အား အလုပ်အပ်ထားသူက လုံခြုံရေးအတွက်ပါ ရှာဖွေနေတယ်လို့ ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ် MLS သို့ ပြောင်းလာကတည်းက မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ်၊ အယ်လ်ဘာနှင့် ဘက်စ်ကွက်စ်တို့ကလည်း ရောက်လာကြတာပါ။ နေမာကလည်း အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သတင်းတွေ ထွက်နေတာလည်းဖြစ်ပါတယ်။ နေမာ၊ မက်ဆီနှင့် ဆွာရက်ဇ်တို့ဟာ MSN တိုက်စစ်တွဲအဖြစ် ဘာစီလိုနာမှာရှိစဉ် ကျော်ကြားခဲ့တာဖြစ်ပြီး စပိန်ကလပ်ကို ဆုဖလားတွေရယူပေးခဲ့တာဖြစ်ပါတယ်။
ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိပြီးနောက် နေမာဟာ အယ်လ်ဟီလယ်အတွက် ပြန်လည်ကစားပေးတော့မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ပီအက်စ်ဂျီကနေ ပြောင်းလာကတည်းက လက်ရှိကလပ်အတွက် ၆ ပွဲသာ ကစားပေးထားရတာဖြစ်ပါတယ်။
နေမာနှင့် အယ်လ်ဟီလယ်တို့ရဲ့ အနာဂတ်က မသေချာနေတာဖြစ်ပြီး တိုက်စစ်မှူးရဲ့ စာချုပ်က ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ နေမာရဲ့နေရာကို အစားထိုးဖို့အတွက် အယ်လ်ဟီလယ်ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂျူနီယာကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်