ဘရာဇီးလက်ရွေးစင်ကစားသမားကို ၂၀၂၂ ခုနှစ်တုန်းက အေဂျက်စ်ကနေ ယူရို ၉၅ သန်း (ပေါင် ၈၂ သန်း) ဖြင့် ယူနိုက်တက်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ အေဂျက်စ်က ခြေစွမ်းမျိုးပြဖို့အတွက် ရုန်းကန်ခဲ့ရပြီး အိုးထရက်ဖို့ဒ်ရှိ ၂ ရာသီတွင် ၁၁ ဂိုးသာ သွင်းထားနိုင်တာဖြစ်ပါတယ်။
ဒီရာသီလက်ရှိအချိန်အထိ အန်တိုနီဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တွင် ပွဲထွက်ကစားခွင့်မရရှိသေးဘဲ ကလပ်ရဲ့ သူ့ရဲ့အနာဂတ်က မသေချာနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သူ့ကိုရောင်းချချင်နေပေမယ့် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားတာဖြစ်ပါတယ်။ De Telegraph က မိုက်ခ်ဗာဝီရဲ့ ဖော်ပြချက်အရ ယူနိုက်တက်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ အန်တိုနီကို ခေါ်ယူဖို့အတွက် အေဂျက်စ်က ဆွေးနွေးနေတာဖြစ်ပါတယ်။
“အေဂျက်စ်အသင်းအတွင်းမှာ အန်တိုနီကိုခေါ်ယူဖို့ ဆွေးနွေးနေတာတွေရှိပါတယ်။ ကလပ်အတွင်းမှာသာ ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်” လို့ ဗာဝီက De Telegraaf ရဲ့ podcast မှာ ရေးသားထားပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ နယ်သာလန်သို့ အန်တိုနီက ပြန်သွားရင်လည်း ရုန်းကန်ရနိုင်တယ်ဆိုတဲ့အပေါ် ဗာဝီက ငြင်းဆိုထားပါတယ်။
“ဒါကိုတော့ ကျွန်တော် မဆွေးနွေးလိုပါဘူး။ အထူးသဖြင့် ဝက်ဂ်ဟော့၊ ထရာအိုရေး နဲ့ ကလက်ဆန်တို့ကို့ တွေ့ပြီးနောက်မှာပေါ့”
“အန်တိုနီသာ နယ်သာလန်သို့ ပြန်မယ်ဆိုရင် သူ့ငယ်ဘဝက ခြေစွမ်းမျိုး ပြန်ရသွားနိုင်ပါတယ်”
“အေဂျက်စ်မှာတုန်းက ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဘရာဇီးသားက ယူနိုက်တက်မှာ မလုပ်နိုင်ခဲ့တာပါ။ ဒါကြောင့် ဝမ်းနည်းစရာတော့ ကောင်းပါတယ်။ ဒါဟာ ကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့ ကျွန်တော် လုံးဝကို ထင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက ယူနိုက်တက်က အန်တိုနီရဲ့အနေအထားကို မေးမြန်းတဲ့အခါ တန်ဟက်က တောင်ပံကစားသမားအနေနဲ့ ပွဲတွေမှာ စတင်နိုင်ခွင့်ကိုရသင့်ကြောင်း ပြသဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
“သူက စိတ်မရှည်ဖြစ်နေတာပါ ကစားချင်နေတာပေါ့”
“ထိပ်တန်းဘောလုံးမှာ ဥပဒေသတွေရှိပါတယ်။ ပွဲစဉ်ကို အတွဲဖက်မိမိနဲ့ အနိုင်ရရှိဖို့ အခွင့်အရေးများတဲ့ ကစားသမားတွေကိုသာ ရွေးချယ်ရပါတယ်။ ကစားသမားတွေကတော့ သူ့တို့ရဲ့ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်နေရမှာပါ”
“အခြားကစားသမားတစ်ဦးက ကောင်းကောင်းလုပ်တယ်ဆိုရင် သူတို့လည်း လိုက်လုပ်ရမှာပါ။ သူက အခြားသူတွေက ကျော်လွန်နေရမှာပါ။ လေ့ကျင့်ရေးမှာလည်း ကောင်းမွန်အောင်လုပ်ဖို့ လိုပါတယ်” လို့ တန်ဟက်က ပြောပါတယ်။