spot_img

နိုဝင်ဘာလမှာပဲ အာဆင်နယ်အတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ အသင်းခေါင်းဆောင် အိုဒီဂတ်

မာတင်အိုဒီဂတ်ဟာ ဒဏ်ရာထပ်ရသွားတယ်ဆိုပြီး ကနဦး ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလမှာ ပုံမှန်အတိုင်း အာဆင်နယ်အတွက် ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

ဂန်းနားအသင်းခေါင်းဆောင်ဟာ စက်တင်ဘာလက နော်ဝေအသင်းအတွက် ကစားပေးရင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်လူဟာ ခြေကျင်းဝတ်စုတ်ပြဲဒဏ်ရာရခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

myan789

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ လာရောက်ကြည့်ရှုခဲ့သလို ယခုလကုန် ဒါမှမဟုတ် နိုဝင်ဘာလအစမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်မှန်းထားခဲ့ပါတယ်။

လူမှုကွန်ရက်မှာ တက်လာတဲ့ ဗီဒီယိုတွေအရလည်း အိုဒီဂတ်ဟာ ဒဏ်ရာပြန်သက်သာလာစေဖို့ လေ့ကျင့်ရေးကွင်းက ပြေးစက်ပေါ်မှာ အကာအကွယ်မဲ့စွာနဲ့ ပြေးနေနိုင်တာကို တွေ့ရပါတယ်။

ကနဦးမှာ ဒဏ်ရာထပ်ရသွားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် SkySportsရဲ့အဆိုအရ အသင်းခေါင်းဆောင်ဟာ နိုဝင်ဘာလမှာ အာဆင်နယ်အတွက် ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

Martin Odegaard expected to return to regular form for Arsenal in November.

အိုဒီဂတ်ဟာ သြဂုတ်လက ဘရိုက်တန်နဲ့သရေကျခဲ့တဲ့ပွဲစဉ်ပြီးကတည်းက အာဆင်နယ်အတွက် ကစားပေးရခြင်းမရှိသေးဘဲ ပြိုင်ပွဲစုံ ပွဲစဉ်၇ပွဲအထိ လွဲချော်ထားပါတယ်။

အာဆင်နယ်အသင်းဟာ အိုဒီဂတ်မပါဝင်ပေမယ့် ဒီနှစ်ရာသီ ရှုံးပွဲမရှိသေးဘဲ ဇယားထိပ်က လီဗာပူးနဲ့ ၁မှတ်အကွာမှာ ဖိအားပေးနေပါတယ်။

အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ ဘုန်းမောက်၊ လီဗာပူး၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ အင်တာမီလန်အသင်းတွေနဲ့ တစ်လအတွင်း ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular