spot_img

ဘီဂရစ်စတိန်းနေရာအတွက် အားကစားဒါရိုက်တာအသစ်ကို သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးအသင်းဟာ ဘီဂရစ်စတိန်းနေရာအတွက် စပို့တင်းအားကစားဒါရိုက်တာ ဟူဂိုဗီနာကို ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဘီဂရစ်စတိန်းဟာ စီးတီးအသင်းထံ ၂၀၁၂ တုန်းကပြောင်းလာခဲ့တာဖြစ်ပြီး အဲ့နောက် ၄ နှစ်အကြာ ဂွါဒီယိုလာကို ခန့်အပ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် ဘီဂရစ်စတိန်းဟာ စီးတီးအသင်းအောင်မြင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းတုန်းက သူ့အနေနဲ့ အခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

myan789

စီးတီးဘက်ကလည်း ဘီဂရစ်နေရာအတွက် အစားထိုးမယ့်သူကို အလျင်အမြန်ရှာဖွေခဲ့ပြီး စပို့တင်းအားကစားဒါရိုက်တာ ဟူဂိုနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ Daily Mail သတင်းဌာနရဲ့အဆိုအရ စီးတီးဟာ ဟူဂိုနဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ဘီဂရစ်စတိန်းနေရာမှာ အစားဝင်မယ်လို့ ဖော်ပြခဲ့ပါတယ်။

စီးတီးကတော့ ၆ လကြိုတင်ပြီး ဘီဂရစ်စတိန်းလက်အောက်မှာ တာဝန်ထမ်းဆောင်စေဖို့ ပြင်ဆင်နေကာ ၂၀၂၅ အစောပိုင်းမှာ ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။ စပို့တင်းဟာ ၂၀၁၈ ဟူဂိုရောက်လာပြီးနောက်ပိုင်း တိုးတက်လာခဲ့ပြီး ဖာနန်ဒက်စ် ၊ ယူဂါတီ ၊ ပိုရိုစတဲ့ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

အသက် ၄၁ နှစ်သားဟာ နယူးကာဆယ်အတွက်လည်း ကစားပေးခဲ့ပြီး အာမိုရင်ကို ခန့်အပ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ အဆိုပါအချက်ဟာ ဂွါဒီယိုလာအနာဂတ်မသေချာတဲ့အနေအထားမှာ စီးတီးအတွက် အသုံးဝင်နိုင်တာဖြစ်ပါတယ်။

သတင်းတွေအရ ဟူဂိုအပြောင်းအရွှေ့အတွက် အခုအပတ်မှာ တရားဝင်ကြေညာဖွယ်ရှိနေပြီး စီးတီးဟာ လာမယ့်အောက်တိုဘာ ၂၀ ရက်နေ့မှာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular