spot_img

လက်ရှိပုံစံကောင်းအပေါ် ပျော်ရွှင်ကျေနပ်မိသလို ယုံကြည်မှုအပြည့်ရှိနေပါပြီလို့ ဆိုလိုက်တဲ့ ဂရာဗန်ဘတ်ချ်

ယမန်နေ့(စနေနေ့)ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်း အနိုင်ရရှိအောင် ကူညီပေးပြီးနောက် ဂရာဗန်ဘတ်ချ်က သူ့ရဲ့ယုံကြည်မှုနဲ့ ပျော်ရွှင်မှုတွေအကြောင်း ပြောပြလာခဲ့ပါတယ်။

Molineux ကွင်းပွဲစဉ်မှာ လီဗာပူးက ဝုဗ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ်ခြောက်ပွဲမှာ ငါးပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

myan789

မာဆေးဆိုဒ်ကလပ်က ကိုနာတေးရဲ့ပထမပိုင်းနာကျင်အချိန်ပိုသွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားနိုင်ခဲ့ပေမယ့် နျူရီရဲ့ချေပဂိုးကိုတော့ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ပြန်လည်ခွင့်ပြုပေးခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ မိုဆာလက်က ပယ်နယ်တီမှတဆင့် ဧည့်သည်တွေအတွက် အနိုင်ဂိုးသွင်းယူကာ အဖိုးတန်အဝေးကွင်းနိုင်ပွဲကို ဖြစ်တည်စေခဲ့ပါတယ်။

ကွင်းလယ်လူဂရာဗန်ဘတ်ချ်ကလည်း ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ လိဂ်ပွဲစဉ်တိုင်းမှာ ပွဲထွက်ခွင့်ရရှိနေတဲ့စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး ဝုဗ်နဲ့ပွဲစဉ်အတွက် Sky Sports မှ ချီးမြှင့်တဲ့ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို လက်ခံရရှိခဲ့ပါတယ်။

ပွဲစဉ်အပြီး ဆုလက်ခံရရှိပြီးနောက် ဒတ်ချ်ကစားသမားက “အမှန်ပါပဲ၊ အခုဘောလုံးရာသီသစ်မှာ ကျွန်တော့်ရဲ့ခြေစွမ်းတွေကို ပြန်ပြီးသက်သေပြသွားချင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယူဆမိပါတယ်။ ဒီအတိုင်းပဲ ဆက်သွားရပါမယ်။ ကျွန်တော် ပျော်ရွှင်နေပါတယ်။

နည်းပြကြီးကလည်း ကျွန်တော့်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုပြီး ယုံကြည်မှုပေးလာခဲ့ပါတယ်။ ခင်ဗျားတို့လည်း မြင်ကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံးလုပ်ဆောင်နေပြီလို့ ယူဆမိပါတယ်”လို့ ပြောပါတယ်။

Gravenberch spoke of his confidence and happiness after helping Liverpool to a Premier League

အခုနိုင်ပွဲနဲ့အတူ အနီရောင်တပ်သားတွေက အမှတ်ပေးဇယားဦးဆောင်သူနေရာဆီ တက်လှမ်းလာခဲ့သလို အန်းစလော့ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်အဝေးကွင်းအဖွင့်သုံးပွဲဆက် အနိုင်ရရှိတဲ့ ပထမဆုံးလီဗာပူးအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဂရာဗန်ဘတ်ချ်ကတော့ အသင်းရဲ့လက်ရှိအခြေအနေအပေါ် သဘာဝကျကျပဲ ကျေနပ်နေခဲ့ပေမယ့် ရာသီလက်ကျန်ကာလအတွက် ခရီးရှည်ကြီးတစ်ခုရှေ့ဆက်ရဖို့ ကျန်နေသေးတယ်လို့ သတိပေးလာခဲ့ပါတယ်။

သူက “လီဗာပူးလိုအသင်းတစ်ခုက ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ အမြဲတမ်းလိုအပ်နေမယ်လို့ ထင်ပါတယ်။ ဒါ သေချာပါတယ်။ ကျွန်တော်တို့တွေ ဆက်ပြီးတွန်းအားပေးနေရပါမယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ပြောဖို့ အရမ်းစောနေပါသေးတယ်”လို့ ဆိုပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular