spot_img

ဘာပေတစ်ယောက် ပေါင်ဒဏ်ရာကြောင့် ၃ ပတ်နားရမယ်လို့ ရီးရဲလ် အတည်ပြု

ရီးရဲလ်အသင်းက တိုက်စစ်မှူး ဘာပေဟာ ပေါင်ဒဏ်ရာရရှိနေပြီး ၃ ပတ်လောက်နားရမယ်လို့ အတည်ပြုလိုက်ပါတယ်။

“ဒီနေ့မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဘာပေအနေနဲ့ ပေါင်ဒဏ်ရာရရှိနေပြီး ၃ ပတ်လောက်နားရပါမယ်။ ဘယ်ဘက်ပေါင်ဒဏ်ရာရရှိနေတာပါ”လို့ ရီးရဲလ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

myan789

ပြင်သစ်သားဟာ အလာဗက်စ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အဆိုပါဒဏ်ရာကိုရရှိခဲ့တာဖြစ်ပါတယ်။ ကနဦးစစ်ဆေးချက်တွေအရ မပြင်းထန်ပေမယ့် ဒီနေ့စစ်ဆေးမှုမှာတော့ ပြင်းထန်ကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာအခြေအနေကြောင့် ဘာပေဟာ အခုအပတ်မှာကန်မယ့် မက်ဒရစ်ဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

သတင်းထောက် မာရီနိုကလည်း ဘာပေဟာ ၃ ပတ်လောက်နားရမယ်လို့ အတည်ပြုခဲ့ပါတယ်။ တီကိုပွဲအပြင် ဘာပေဟာ လိုင်လီနဲ့ချန်ပီယံလိဂ် ၊ ဗီလာရီးရဲလ် နဲ့ လာလီဂါပွဲတွေကိုပါ လွဲချော်မှာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားအနေနဲ့ လာမယ့်အောက်တိုဘာ ၁၉ ရက်နေ့မှာကန်မယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲမှာမှ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular