spot_img

ဂျာမနီနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးလိုတယ်လို့ ဖွင့်ဟပြောကြားလာတဲ့ နာဂယ်စ်မန်း

ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ပေမယ့် ဂျာမနီရဲ့ခြေစွမ်းပိုင်းကို မြှင့်တင်နိုင်ခဲ့ကြောင်း သက်သေပြသထားနိုင်ခဲ့တဲ့ နည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ယခုအခါမှာတော့ အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးလိုတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဂျာမနီအသင်းရဲ့ဘောလုံးအဆင့်အတန်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ တော်တော်လေးနိမ့်ကျလာပြီး ထိုနှစ်က ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိတက်ရောက်ခဲ့ပေမယ့် နောက်ပိုင်း ၂၀၂၄ ခုနှစ်အထိကျင်းပထားခဲ့တဲ့ အဓိကပြိုင်ကြီးတွေမှာ ဆီမီးဖိုင်နယ်အထိ ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၆ ခုနှစ်အရှေ့ပိုင်းက ဂျာမနီကတော့ သမိုင်းတစ်လျှောက် ပြိုင်ဘက်တွေ ဖြုံလောက်တဲ့ခြေစွမ်းမျိုးပြသထားနိုင်ခဲ့ပြီး ပြိုင်ပွဲတိုင်းမှာ ဆီမီးဖိုင်နယ်အထိတော့ အနည်းဆုံးတက်လှမ်းနိုင်ခဲ့ပါတယ်။

myan789

သို့သော်လည်း လက်ရှိလက်ရွေးစင်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကတော့ အသင်းနဲ့ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့အချက်တွေဖွင့်ဟလာပြီး ဂျာမနီဟာ ကမ္ဘာ့ဖလားရရှိဖို့ လုံလောက်တဲ့စွမ်းရည်ရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲကို ဂျာမနီဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရပေမယ့် လက်ရှိချန်ပီယံစပိန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ သို့သော်လည်း ဂျာမနီဟာ ပြိုင်ပွဲအတွင်း ခြေစွမ်းပိုင်းတိုးတက်မှုကို သိသိသာသာပြသနိုင်ခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံးနိုင်ငံအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြသနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ခွက်ခွက်လန်အောင်ရှုံးနိမ့်ပြီး နုတ်ထွက်ခဲ့ရမျိုးတော့မဟုတ်ခဲ့ပါဘူး။

ဂျာမနီဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်လောက်တဲ့အထိ စွမ်းဆောင်ရည်ကောင်းတဲ့ ခြေစွမ်းခြေစမျိုးကို ပြသထားနိုင်ခဲ့တာဖြစ်ပြီး ကံမကောင်းလို့သာ စောစောစီးစီးနှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ အသင်းနည်းပြ နာဂယ်စ်မန်းက မကြာမီမှာ ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မျှော်လင့်ချက်ကြီးကြီးမားမားရှိနေကြောင်းကို “ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံတွေဖြစ်လာချင်ပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့် ကျွန်တော်တို့ ကမ္ဘာ့ဖလားဆွတ်ခူးဖို့ ရည်မှန်းချက်ရှိပါတယ်။ ဒီပြိုင်ပွဲက ယူရိုနဲ့ အများကြီးကွာခြားမှုရှိပါတယ်။ ဒီအတွက် အရာအားလုံးကို ပေးဆပ်ဖို့အသင့်ပါပဲ။ ပြီးတော့ ဒီဖလားကိုဆွတ်ခူးနိုင်မယ်လို့လည်း ယုံကြည်ချက်ရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂျာမန်သားက လက်ရှိအသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီးတော့လည်းပြောင်းလဲမှု ကြီးကြီးမားမား ပြုလုပ်သွားမှာမဟုတ်တဲ့အကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ လက်ရှိ ဂျာမနီအသင်းမှာ ဖလောရီယန်ဝက်ဇ်၊ ကိုင်ဟားဗက်ဇ်နဲ့ မူစီယာလာတို့လို ဥရောပရဲ့အကောင်းဆုံးလူငယ်မျိုးဆက်သစ်ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့် လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျာမနီဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ ပါဝင်လာနိုင်ချေရှိပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular