spot_img

ထရိုဆက်ရဲ့အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီးစိတ်ပျက်မှုကိုထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာကယမန်နေ့ညကမန်စီးတီးကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာပထမပိုင်းအတွင်း ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ထရိုဆက်ရဲ့ အနီကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီးစိတ်ပျက်မိကြောင်းဒေါသတကြီးထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာဟာထရော့ဆက်ကိုဝီစီမှုတ်ထားချိန် ဘောလုံးကန်ထုတ်ခဲ့မှုကြောင့် ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခဲ့တာဖြစ်ပြီးအဆိုပါဘောလုံးကန်ထုတ်တဲ့လုပ်ရပ်မျိုးကိုမန်စီးတီးတောင်ပံကစားသမားဂျရယ်မီဒိုကူလုပ်ခဲ့စဉ်ကတော့ တစ်စုံတစ်ရာအရေးယူခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အာတီတာအနေနဲ့ တစ်သမတ်တည်းမဟုတ်တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကိုဒေါသတကြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

myan789

ယခုပွဲစဉ်မှာမန်စီးတီးကတိုက်စ်စ်မှူးအာလင်းဟာလန်းရဲ့ဂိုးနဲ့ ပွဲကိုစောစောစီးစီးဦးဆောင်နိုင်ခဲ့ပေမယ့် အာဆင်နယ်ကနောက်ကနေလိုက်ကစားပြီးကာလာဖီအိုရီ၊ ဂါဘရီရယ်တို့ရဲ့သွင်ဂိုးတွေနဲ့အတူပထမပိုင်းအတွင်း ၁-၂ နဲ့ဦးဆာင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပထမပိုင်းပြီးကာနီးမှာကစားသမားတစ်ယောက်ထုတ်ပယ်ခံခဲ့ရတာကြောင့် အာတီတာရဲ့အသင်းဟာဒုတိယပိုင်းကို ၁၁ ယောက် ၁၀ ယောက်နဲ့ကစားခဲ့ရပြီးချေပဂိုးပြန်မပေးရဖို့ တစ်သင်းလုံးဂိုးဧရိယာထဲမှာပိတ်ဆို့ခဲ့ရပါတယ်။

အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ကြိုးစားခဲ့တဲ့ အာတီတာရဲ့ ခံစစ်နည်းဗျူဟာကအတော်လေးအလုပ်ဖြစ်ခဲ့ပြီးမန်စီးတီးအနေနဲ့ ဂိုးဧရိယာအပြင်ကနေသာခြိမ်းခြောက်မှုအချို့ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပွဲပြီးဖို့ နောက်ဆုံးမိနစ်အလိုမှာတော့ မန်စီးတီးကချေပဂိုးပြန်လည်ရရှိခဲ့ပြီးလူစားဝင်ကစားသမား ဂျွန်စတုန်းကရလာတဲ့အခွင့်အရေးကိုအပိုင်အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။

Leandro Trossard 2 reds and 1 red in the first half of last night's 2-2 draw against Manchester City.

ပွဲအပြီးမှာတော့ ဒိုကူနဲ့ ထရိုဆက်တို့အပေါ်ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးအာတီတာက “ဒါကတော့ အသိသာကြီးပါ။ ဒီအကြောင်းပြောနေစရာကိုမလိုပါဘူး။ အနီကတ်ပြစ်ဒဏ်ကမှန်ကန်သလို၊ လူတွေရဲ့အထင်ကလည်းမှန်တာပါပဲ။ ဒီနေရာကိုလာပြီးဘာဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာကိုဆုံးဖြတ်ပေးဖို့က ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်ကအရမ်းခက်တဲ့ကွင်းတစ်ကွင်းထဲမှာအရမ်းခက်တဲ့အသင်းတစ်သင်းကိုကစားသမား ၁၀ ယောက်တည်းနဲ့ ၅၅ မိနစ်အတွင်းရှင်သန်နိုင်အောင်ကြိုးစားဖို့ပါပဲ”

“ကျန်တာက ကျွန်တော့်အလုပ်မဟုတ်ပေမယ့် ၅ ပွဲအတွင်းမှာဒီလိုဖြစ်ရပ်မျိုး ၂ ကြိမ်ဖြစ်ခဲ့တာကတော့ စိုးရိမ်စရာပါပဲ။ ကမ္ဘာ့အကောင်းဆုံးလိဂ်ကပရီးမီးယားလိဂ်လိဂ်ဆိုတဲ့သတ်မှတ်ချက်အတွက် စိုးရိမ်စရာပါ။ အနီကတ်ပြစ်ဒဏ်ကအခြေအနေတွေကိုပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ၁၁ ယောက်နဲ့ကစားရတာတောင် ဒီလောက်ခက်နေတဲ့အသင်းကို၊ ၁၀ ယောက်တည်းနဲ့ဆိုတော့မဖြစ်နိုင်တော့ပါဘူး။ ကျန်တဲ့ကစားသမား ၁၀ ယောက်ကိုဂိုးဧရိယာထဲထည့်ပြီးခံစစ်ကစားဖို့ပဲတတ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မနက်မှာတော့ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် မန်စီးတီးကဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီးကြာသပတေးနေ့မနက်မှာတော့ အာဆင်နယ်ကဘော်လ်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular