မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြိုင်ဘက်အသင်းတွေဟာ စီးတီးကို အပြီးတိုင်ပျောက်ကွယ်သွားစေချင်နေကြတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ၉နှစ်ကြာ ဘဏ္ဍာရေးစည်းမျဉ်းကို မလျော်ကန်စွာ လက်တစ်လုံးခြားလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံရပြီးနောက် ပြီးခဲ့တဲ့ တနင်္လာနေ့ကနေစတင်ကာ ဥပဒေကြောင်းအရ ကြားနာမှုတွေ စတင်ခဲ့ပါတယ်။
တကယ်လို့ မန်စီးတီးသာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရတာ၊ အမှတ်လျော့ခံရတာ၊ ကြီးလေးတဲ့ ဒဏ်ရိုက်ခံရတာမျိုးတွေ ကြုံလာရနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဂွါဒီယိုလာက ပြိုင်ဘက်အသင်းတွေ လောင်သွားစေမယ့် စကားမျိုးကို ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာက “ဒီလိုမော်ဒန်ခေတ်ထဲမှာ ကျွန်တော်က စိတ်မကောင်းစွာပဲ အသင်းကို ကာကွယ်ပေးနေရပါလိမ့်မယ်။
အားလုံးက ကျွန်တော်တို့ကို တန်းဆင်းရရုံတင်မဟုတ်ဘဲ ကမ္ဘာကြီးကနေပါ ပျောက်ကွယ်သွားစေချင်နေကြတာပါ။
ကျွန်တော်တို့က ပြိုင်ဘက်တွေက ပိုကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ပြီး ဒါကြောင့်လည်း ဖလားတွေအများကြီးရခဲ့တာပါ။ အဲ့ဒါက ရှုပ်ထွေးတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။”လို့ ပြောခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဂွါဒီယိုလာက ယနေ့ညပွဲစဉ်မှာ အာတီတာအနေနဲ့ ဘက်စ်ကားကစားကွက်သုံးပြီး ပိတ်ကစားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် တကယ်လို့ အဲ့ဒီလိုကစားကွက်ထုတ်သုံးလာမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူးလို့ ပြောခဲ့ပါတယ်။
ဂွါဒီယိုလာက “အာတီတာက ကျွန်တော် ဂိုးမရှိသရေရလဒ်အတွက် ကစားမှာ မဟုတ်ဘူးဆိုတာ သိသလို သူလည်း အဲ့ဒီလိုကစားမှာ မဟုတ်ပါဘူး။ ထိပ်သီး ၆သင်း၊ ၇သင်းလောက်က နည်းပြအချို့ကတော့ ဂိုးမရှိသရေရလဒ်ကို မျှော်ပြီး ကစားတာမျိုး ရှိပါလိမ့်မယ်။
တစ်ပွဲလုံး ပိတ်ကစားပြီး တန်ပြန်တိုက်စစ်ကနေ တစ်ဂိုးသွင်းသွားမယ်ဆိုရင်လည်း ကျွန်တော် လက်ခံပါတယ်။ ဘုရားနဲ့ကျိန်ပါတယ်။ ကျွန်တော်သာ နိုင်မယ်ဆိုရင် အဲ့ဒီအတိုင်း ကစားမှာပါ။
ကျွန်တော်က နိုင်ပွဲတွေ အရမ်းလိုချင်နေပါတယ်။ နိုင်ပွဲတွေရမှ ကျန်တော်လည်း အဆင်ပြေပြီး အားလုံးလည်း ပျော်ရွှင်နိုင်မှာပါ။
ကျွန်တော်က ကိစ္စတွေကို အကောင်းမြင်တတ်ပြီး ဗုဒ္ဓဟူးညက အင်တာနဲ့ပွဲမှာလည်း ကျေနပ်စရာတွေကို တွေ့မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့က လုပ်ပြနိုင်ဆဲဆိုတာ ပြိုင်ဘက်တွေသိကြပါတယ်။ ကျွန်တော်တို့ အင်တာနဲ့ပွဲမှာ ပြေးလွှားပြီး ဖိအားပေးနိုင်ခဲ့တာကို ကျွန်တော် ကြိုက်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။