spot_img

အာဆင်နည်းပြရော အတ္တလန္တာနည်းပြဆီကပါ ချီးကျူးမှုတွေ ရရှိ‌နေတဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ

မီခေးလ်အာတီတာကတော့ ဒေးဗစ်ရာယာရဲ့ အံ့အားသင့်ဖွယ် နှစ်ဆင့်ဂိုးပေါက်ကာကွယ်နိုင်မှုကို သူမြင်ဖူးသမျှ အကောင်းဆုံး ဂိုးပေါက်ကာကွယ်မှုတွေထဲက တစ်ခုပဲလို့ ချီးကျူးခဲ့ပါတယ်။ ရာယာရဲ့ကာကွယ်မှုကြောင့် အာဆင်နယ်တို့ဟာ ကြာသပတေးနေ့က အတ္တလန္တာနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ခြင်းမရှိပဲ သရေရမှတ် ၁ မှတ်ကို ခွဲယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အတ္တလန်တာအသင်းဘက်က ရရှိခဲ့တဲ့ ပင်နယ်တီမှာတော့ တိုက်စစ်မှူး မတ်တီယိုရက်တဲဂီရဲ့ ကန်သွင်းချက်ကို ရာယာက သူ့ရဲ့ညာဘက်သို့ ဒိုင်ဗင်ထိုးကာ လက်စွမ်းပြ ပုတ်ထုတ်ကာကွယ်ခဲ့ပြီး ဘောလုံးဟာ ရက်တဲဂီဆီသို့ ပြန်ကန်ထွက်သွားခဲ့ပါတယ်။

myan789

ရက်တဲဂီက ရာယာရဲ့ ဘယ်ဘက်ထောင့်သို့ ခေါင်းတိုက်ပြီး ပြန်လည်အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရာယာကပဲ အံအားသင့်ဖွယ်ကောင်းလောက်အောင် ပြန်လည်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ရပါတယ်။

ဒီလိုကာကွယ်နိုင်ခဲ့မှုကြောင့် ပွဲအပြီးမှာတော့ အတ္တလန္တာနည်းပြက ရာယာကို ကြောင်တစ်ကောင်နဲ့ ခိုင်နှိုင်းတင်စားခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ လာမဲ့တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာလည်း ဖြစ်ပါတယ်။

အာတီတာက “ကျွန်တော်ဒီည ကျွန်တော့်ရဲ့ သက်တမ်းတလျောက် ကြုံတွေ့ခဲ့ဘူးတဲ့ အကောင်းဆုံးဂိုးပေါက်ကာကွယ်မှု နှစ်ကြိမ်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒေးဗစ်က ကျွန်တော်တို့ကို ဒီအခိုက်အတန့်မှာ ကယ်တင်သွားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ သူကအတော်လေး ထူးချွန်နေခဲ့တာပါ။ သူက အက်စတွန်ဗီလာနဲ့ ပွဲတုန်းကလည်း တခါ ကာကွယ်ပြခဲ့ပြီးပြီ၊ ဒီနေ့လည်းတစ်ခါ ကျွန်တော်တို့ကို ဒီပြိုင်ပွဲအတွင်းမှာ ဆက်လက်ရှိနေနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါတွေက သူလက်တွေ့လုပ်ပြနေတဲ့ အရာတွေပါ။ ဒီလို အဆင့်မျိုးမှာ ဂိုးသမားတစ်ယောက်ဆီကနေ အခုလိုမျိုး လက်စွမ်းပြမှုတွေ လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအချိန်မှာ သူအခုလို ပုံစံကောင်းတစ်ခုရရှိနေတာကို ကျေနပ်ပျော်ရွှင်မိပါတယ်။” လို့ ရာယာရဲ့ နှစ်ဆင့်လက်စွမ်းပြ ကာကွယ်မှုအပေါ် ချီးကျူးမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုချိန်မှာ ရာယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်နေပြီလားလို့ မေးမြန်းခဲ့တဲ့ အပေါ်မှာတော့ “အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူးဗျ။ အခြားဂိုးသမားတွေကို ကျွန်တော် မမြင်မိသေးဘူးဖြစ်နေတယ်။ သေချာတာတစ်ခုကတော့ သူက ကျွန်တော်တို့အသင်းအတွက်အထူးကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါပဲ။” လို့ အာတီတာက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

Arsenal goalkeeper David Raya is receiving praise from Arsenal coach

ရာယာကတော့ သူ့ရဲ့ သူရဲကောင်းဆန်ဆန် ကာကွယ်နိုင်ခဲ့မှုကို ကံကောင်းလို့,လို့သာ နှိမ့်ချပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“ဒါက ပန်နယ်တီတစ်ခု ဖြစ်ပြီးတော့ ကျွန်တော်က ကံကောင်းလို့ ကန်သွင်းခံရမဲ့ဘက်ကို ဒိုင်ဗင်ပစ်ခဲ့မိပြီး ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကံဆိုးတာက ကျွန်‌တော့်ဆီက ပြန်ကန်ထွက်သွားတဲ့ ဘောလုံးက သူ့ဆီတည့်တည့်ကြီး ‌ရောက်သွားခဲ့တာဗျ။ ဒါပေမဲ့ ကျွန်တော် မြန်မြန်ဆန်ဆန်ပဲထပြီးတော့ သူရဲ့ ခေါင်းတိုက်ပိတ်သွင်းချက်ကို ထပ်မံကာကွယ်နိုင်ခဲ့ပါတယ်။” လို့ ရာယာက ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ပင်နယ်တီမကန်ခင်မှာ ကွင်းဘေးခဏထွက်သွားဖို့ လုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါကို ပင်နယ်တီ ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က ကြာဦးမှာဖြစ်ပြီး အကြာကြီးစောင့်နေရဖို့ ဖြစ်နေခဲ့တာဗျ။ အဲ့ဒါကကြောင့် ကျွန်တော်လည်း ဘာလုပ်သင့်တယ်၊မလုပ်သင့်တယ်၊ ဘယ်ဘက်ကိုဖမ်းသင့်လဲ၊ မဖမ်းသင့်လဲဆိုတာတွေကို ပိုမိုအာရုံခံနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဂိုးနည်းပြနဲ့စကားနည်းနည်း ပြောခဲ့ပါတယ်။ သူက ကျွန်တော့်ကို အဘက်ဘက်က အများကြီး ကူညီပံ့ပိုးပေးခဲ့ပါတယ် ယခုလို ကာကွယ်နိုင်ခဲ့မှုအတွက်လည်း သူ့ကို ခရက်ဒစ်ပေးပါတယ်။” လို့ ပင်နယ်တီ ကန်သွင်းမှုမတိုင်မီ ဂိုးနည်းပြ အင်နာကီကာနာနဲ့ စကားပြောဆိုခဲ့မှု အကြောင်းကိုလည်း ရာယာက ပြန်လည်ပြောပြခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular