spot_img

အမြဲတမ်းနည်းပြအဖြစ် ရာထူးတိုးပေးဖို့ အရိပ်အမြွက်ပြောကြားကာ လီကာစလေကို လစာတိုးပေးလိုက်တဲ့ အက်ဖ်အေ

အက်ဖ်အေဟာ အင်္ဂလန်ယာယီနည်းပြ လီကာစလေအား အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ရန် အရိပ်အမြွက် ပြောကြားခဲ့ပြီး လစာတိုးပေးခဲ့ပါတယ်။

ယူရို ၂၀၂၄ ဖိုင်နယ်တွင် စပိန်အား ကြေကွဲဖွယ်ရာ ရှုံးနိမ့်ပြီး ဆောက်ဂိတ် ရာထူးမှနုတ်ထွက်ပြီးနောက် လီကာစေလေဟာ စီနီယာအသင်းအား ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ ကာစလေဟာ စက်တင်ဘာလတွင်ပထမဆုံးနေးရှင်းလိဂ်အုပ်စုအဆင့်ပွဲစဉ်နှစ်ပွဲအတွက် အင်္ဂလန်ကိုကိုင်တွယ်ရန် ခန့်အပ်ခြင်းခံခဲ့ရသော်လည်း အက်ဖ်အေဟာ သူ့ရဲ့လစာကို သြဂုတ်လအစောပိုင်းတွင် သိသိသာသာ တိုးပေးခဲ့ကာ အမြဲတမ်းရာထူးခန့်အပ်ဖို့အတွက် အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

myan789

အင်္ဂလန်အသင်းဟာ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် လက်ကျန်နေးရှင်းလိဂ်အုပ်စုပွဲစဉ်များကို ကစားမည်ဖြစ်ကာ ကာစလေဟာ နောက်ဆုံးအုပ်စုပွဲစဉ်တွင် အိုင်ယာလန်နှင့်ရင်ဆိုင်ရမည့် နိုဝင်ဘာ ၁၇ ရက်အထိ အသင်းကို အနည်းဆုံး စီမံခန့်ခွဲနိုင်ခြေရှိပါတဘ်။ အဲဒီနောက်မှာတော့ အသင်းအနေနဲ့ မတ်လအထိ ကစားရမှာမဟုတ်ဘဲ အက်ဖ်အေအတွက် ရေရှည်ဆုံးဖြတ်ချက်ချဖို့ အချိန်အများကြီးရမှာ ဖြစ်ပါတယ်။

အသက် ၅၀ အရွယ်နည်းပြဟာ ယမန်နှစ်က ယူ ၂၁ အသင်းကို ကိုင်တွယ်စဉ် အက်ဖ်အေနှင့် စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်း၏ စာချုပ်အရ အစောပိုင်းက တစ်နှစ်လျှင် ပေါင် ၃၀၀၀၀၀ ရရှိပြီး စီနီယာအသင်းနည်းပြတစ်ဦးအတွက် သိသိသာသာ နည်းပါးတာဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်အေဟာ နှစ်စဉ်စာချုပ်သက်တမ်းတိုးစဉ်အတွင်း လစာတိုးပေးခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းနဲ့ အသင်းသားတွေအားလုံးဟာ ယူရိုနောက်ဆုံးပွဲစဉ်နောက်ပိုင်း နေးရှင်းလိဂ်ပွဲစဉ်အဖြစ် စက်တင်ဘာ ၇ ရက်မှာ အိုင်ယာလန်နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular