ချဲလ်ဆီးအသင်းဟာ ယူနိုက်တက် တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်သားအတွက် ချဲလ်ဆီးက ကနဦး တစ်ရာသီအငှားနဲ့ ခေါ်ယူမှာဖြစ်ပြီး ပေါင်၂၅သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါဝင်ကြောင်းလည်း သိရပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲတွေမှာ တစ်နှစ်ကျော်ကြာ ပွဲထွက်ခွင့်မရခဲ့သလို ပြီးခဲ့တဲ့ ဖူလ်ဟမ်၊ ဘရိုက်တန်တို့နဲ့ပွဲစဉ်တွေမှာလည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
၂၄နှစ်သားဟာ အိုးထရက်ဖို့ဒ်မှာ ၂နှစ်စာချုပ်ကျန်ရှိနေသေးပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ဆန်ချိုဟာ ဒုတိယရာသီဝက်မှာ ဒေါ့မွန်ကို အငှားနဲ့ ပြောင်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိရောက်ရှိအောင် စွမ်းဆောင်ပြခဲ့ပါတယ်။
ရာသီကြိုကာလပွဲစဉ်တွေမှာ ဆန်ချိုတစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် ယခုအချိန်မှာတော့ ပြိုင်ဘက်အသင်းထံ ပြောင်းရွှေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။