လီယွန်နယ်မက်ဆီဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး အင်တာမီယာမီနည်းပြ တာတာမီတီနိုကတော့ မေဂျာလိဂ်ဖလားကိုရဖို့အတွက် အာဂျင်တီးနားသားရှိနေဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
အာဂျင်တီးနားသားကြီးဟာ လက်ရှိမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး မကြာခင်မှာ ပြန်ကစားနိုင်ဖို့ နီးစပ်နေပါတယ်။
မာတီနိုက “ရက်သတ္တပတ်တွေအကြာကြီးနားခဲ့ရပြီးနောက် မက်ဆီက ဘောလုံးနဲ့စတင်လေ့ကျင့်နေပြီဖြစ်ပြီး အဲ့ဒီနောက် ဆေးအဖွဲ့တွေ၊ ကြံ့ခိုင်မှုနည်းပြတွေနဲ့ လေ့ကျင့်နေပါတယ်။ အခုတော့ အသင်းလိုက်လေ့ကျင့်ခန်းအချို့မှာ ပါဝင်နေနိုင်ပါပြီ။
သူ့ရဲ့ခံစားချက် ဘယ်လိုရှိနေလဲဆိုတာနဲ့ပတ်သက်ပြီး အများကြီး ဆွေးနွေးရပါတယ်။ ဒဏ်ရာက ၆ပတ်ကြာအောင် ရှိခဲ့တာဖြစ်လို့ သူ ပြန်ကောင်းလာတာ သေချာစေချင်ပါတယ်။
သူက အသင်းနဲ့ လေ့ကျင့်ခန်းပြန်လုပ်လာနိုင်ပေမယ့် ဆေးပညာအရ အရှင်းကြီးမပျောက်သေးပါဘူး။ သူ လာမယ့်ပွဲအတွက် ပါဝင်နိုင်မလားဆိုတာ မကြာခင် ဆုံးဖြတ်သွားရပါမယ်။”လို့ ပြောခဲ့ပါတယ်။