spot_img

တိုမီနေးကိုခေါ်ယူဖို့ ယူရိုသန်း ၃၀ နဲ့သဘောတူညီမှုရသွားတဲ့ နာပိုလီ

အီတလီစီးရီးအေကလပ် နာပိုလီဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ စကော့မက်တိုမီနေးကို ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

နာပိုလီနဲ့ တိုမီနေးတို့က ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေ အခုထိမညှိနှိုင်းရသေးသော်လည်း ယူနိုက်တက်ကတော့ အသင်းရဲ့အကယ်ဒမီထွက်ကစားသမားကိုရောင်းချဖို့အတွက် ပြီးခဲ့တဲ့ရာသီကတည်းက ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။

myan789

ဩဂုတ်လအစောပိုင်းမှာ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်ဖူလ်ဟမ်က တိုမီနေးကိုခေါ်ယူဖို့ ပေါင်သန်း ၂၀ နဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်တောင်းဆိုထားတဲ့ဈေးနှုန်းနဲ့ကိုက်ညီခြင်းမရှိတာကြောင့် သဘောတူညီမှုမရရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ရာသီကလည်း အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ဝက်စ်ဟမ်းသို့ရောက်မလိုဖြစ်ခဲ့ပြီး သဘောတူညီမှုမရခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာတော့ တိုမီနေးဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပွဲကစားပြီး ၇ ဂိုးသွင်းယူ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

Napoli sign Tomine

လက်ရှိရာသီမှာလည်း စကော့တလန်လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရထားပါတယ်။ အသင်းကို အင့်အားတောင့်တင်းအောင်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အနေနဲ့ တိုမီနေးကို ရောင်းချနိုင်ခဲ့မယ်ဆိုရင် ကစားသမားသစ်ခေါ်ယူဖို့ ဘဏ္ဍာငွေပြန်လည်ရရှိလာမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ‌တော့ အဲရစ်တန်ဟက်ရဲ့အသင်းဟာ ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီကိုခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားနေပြီး ဆွေးနွေးမှုတွေပြုလုပ်တာကြောင့် အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာပဲ အမိအရ ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular