ဘွန်ဒက်စ်လီဂါလက်ရှိချန်ပီယံ လေဗာကူဆင်အသင်းဟာ မနေ့ညက အဖွင့်ပွဲမှာ အချိန်ပိုသွင်းဂိုးနဲ့ မိုချန်ဂလာဘတ်ကို အနိုင်ရခဲ့ပါတယ်။
ဝါရင့်ကွင်းလယ်လူ ဇာခါတစ်ယောက် အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး ရှယ်မိုက်တဲ့ သွင်းဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၁၂မိနစ်မှာ ဇာခါက ကိုက်၃၀အကွာကနေ အပြင်းကန်သွင်းယူပြီး လေဗာကူဆင်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
၃၈မိနစ်မှာ ဖလော်ရီယန်ဝက်ဇ်က လေဗာကူဆင်အတွက် ဒုတိယဂိုးသွင်းပေးခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ နှစ်ဂိုးပြတ် ဦးဆောင်နေခဲ့ပါတယ်။
ဒါပေမယ့် အယ်ဗီဒီနဲ့ လိန်းဒီယန်ဇ်တို့ရဲ့ ချေပဂိုးတွေကြောင့် လေဗာကူဆင်တို့ သရေရလဒ်သာရမယ့် အခြေအနေနဲ့ နီးစပ်ခဲ့ပါတယ်။
ထုံးစံအတိုင်း အချိန်ပိုမှာတော့ လေဗာကူဆင်တို့ ပိုကောင်းလာပြီး ဝက်ဇ်က ပင်နယ်တီ ကန်သွင်းရာမှာ ဂလာဘတ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ဝက်ဇ်ကပဲ ထပ်မံပိတ်သွင်းပြီး လေဗာကူဆင်ကို အဖွင့်လှစေခဲ့ပါတယ်။
ရာသီအသစ်စနေပြီဖြစ်ပေမယ့် လေဗာကူဆင်ကတော့ မနှစ်ကအတိုင်းပဲလို့ ပြောရမှာပဲ ဖြစ်ပါတယ်။