spot_img

အစ်ဆွစ်ကိုအနိုင်ယူခဲ့တဲ့ လီဗာပူးအသင်းကစားဟန်က ကြည့်လို့ကောင်းခဲ့တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

ယမန်နေ့ညနေပိုင်း၊ ပို့မန်းရုဒ်မှာ အစ်ဆွစ်ချ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း သူ့အသင်းကစားဟန်က ကြည့်လို့ကောင်းခဲ့တယ်လို့ လီဗာပူးနည်းပြသစ်အန်းစလော့က ဆိုပါတယ်။

ချန်ပီယံရှစ်မှ လတ်လတ်ဆတ်ဆတ်တန်းတက်လာတဲ့ အစ်ဆွစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လီဗာပူးအသင်းက ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှမရရှိတဲ့အထိ ဆိုးဆိုးရွားရွားရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ဧည့်သည်တွေက ပွဲကိုလွှမ်းမိုးလိုက်ပြီး ဂျိုတာ၊ မိုဆာလက်တို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရလဒ်ကို သက်သောင့်သက်သာဖော်ဆောင်နိုင်ခဲ့ပါတယ်။

myan789

ယာဂန်ကလော့ပ်နေရာဆက်ခံသူအန်းစလော့ကိုယ်တိုင်လည်း ၁၉၉၈ ခုနှစ်၊ သြဂုတ်လအတွင်း ရွိင်းအီဗန်စ်နဲ့ ပူးတွဲတာဝန်ယူတဲ့ ဂါရတ်ဟူလီယာနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ အနိုင်ရလဒ်ရှာဖွေနိုင်တဲ့ ဒုတိယမြောက်လီဗာပူးအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အန်းစလော့က “ပထမပိုင်းပွဲချိန်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပထမဆုံးအရသာက ကျွန်တော်တို့အားလုံး မျှော်လင့်ထားခဲ့သလိုမျိုး ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဘက်က ပြင်းပြင်ထန်ထန်ကစားပြီး ကျွန်တော်တို့ထက် သာလွန်နေခဲ့လို့ပါပဲ။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အသင်းက ကြည့်လို့ကောင်းခဲ့ပါတယ်။

ကျွန်တော်တို့အသင်းက ဘောလုံးကို လေထဲမှာ ယှဉ်တိုက်နိုင်ဖို့ လိုအပ်နေခဲ့တယ်လို့ တွေးမိပါတယ်။ အဲ့ဒါက ကျွန်တော်တို့အတွက် ပွဲကိုထိန်းချုပ်နိုင်ရေး အကူအညီဖြစ်စေပါတယ်။ အစ်ဆွစ်ကိုယ်တိုင်လည်း ဒုတိယပိုင်းပွဲချိန်တွေမှာ သူတို့ရဲ့ကစားအားကို ဆက်ထိန်းထားနိုင်ခဲ့တယ်လို့ မယူဆမိပါဘူး။

ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ကစားသမားတွေ အဆင်သင့်ဖြစ်နေခဲ့ပြီး နေရာလွတ်တွေကို ဖွင့်လှစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက အရမ်းကောင်းတဲ့ဘောလုံးကစားဟန်ကို ကစားနိုင်တယ်ဆိုတာ မြင်တွေ့ခဲ့ရပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ မိုဆာလက်က ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ သွင်းဂိုးရယူနိုင်မှု အများဆုံးကစားသမား (၉ ဂိုး)ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

Liverpool beat Ipswich 2-0 at Portman Road.

ပို့မန်းရုဒ်မှာ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အသက်-၃၂ နှစ်အရွယ်ကစားသမားက လီဗာပူးအသင်းရဲ့ချန်ပီယံဆုစိန်ခေါ်မှုခရီးလမ်းမှာ နောက်တစ်ကြိမ်အရေးပါတဲ့ကစားသမားဖြစ်လာနိုင်တယ်လို့ ဆွေးနွေးမှုတွေရှိနေပေမယ့် အန်းစလော့ကတော့ သူ့ရဲ့အသင်းအနေဖြင့် ကလပ်အသင်းသမိုင်းတလျှောက် တတိယမြောက်သွင်းဂိုးအများဆုံးကစားသမားအပေါ် အလုံးစုံမှီခိုထားတာမျိုး မရှိဘူးလို့ ယုံကြည်နေပါတယ်။

အန်းစလော့က “ ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး မယုံကြည်မိပါဘူး။ အသင်းကသာ တစ်ဦးချင်းကဏ္ဍထက် အရေးကြီးတယ်ဆိုတာကိုပဲ ကျွန်တော် ယုံကြည်ထားပါတယ်။ ကောင်းမွန်တဲ့ပြေးအား၊ ကောင်းမွန်တဲ့ဖန်တီးပေးမှုကြောင့် မိုဆာလက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မိုဆာလက်ကိုယ်တိုင်လည်း အသင်းကို လိုအပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ဦးချင်းဖန်တီးနိုင်စွမ်းကောင်းမွန်သူ ကစားသမားတွေ ရှိပါတယ်”လို့ ပြောပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular