spot_img

ဂယ်လာဟာနဲ့အဆင်မပြေလို့ ကန်တီဆီ မြှားဦးလှည့်လာတဲ့ အက်သလက်တီကိုမက်ဒရစ်

ဂလယ်ဟာအတွက် အပြောင်းအရွှေ့ညှိနှိုင်းမှုမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရပြီးနောက် အက်သလက်တီကိုမက်ဒရစ်အသင်းက ကန်တီကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

ချဲလ်ဆီးနည်းပြသစ်အန်ဇိုမာရက်စ်ကာ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိမှာမဟုတ်ဘူးလို့ သိရှိခဲ့ရပြီးနောက် ဂယ်လာဟာက အသင်းမှထွက်ခွာဖို့ အနီးစပ်ဆုံးအခြေအနေအထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားက လွန်ခဲ့တဲ့ငါးရက်တာကာလအတွင်း စပိန်နိုင်ငံရဲ့မြို့တော်ဆီ ရောက်ရှိနေခဲ့ကာ အပြောင်းအရွှေ့သဘောတူညီမှုတွေ အပြီးသတ်နိုင်ဖို့ အဆင်သင့်ရှိနေခဲ့ပါတယ်။

myan789

တဖက်မှာလည်း အေတီကိုက သူ့ကို ခေါ်ယူဖို့ လိုလားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဂယ်လာဟာအတွက် အပြောင်းအရွှေ့ညှိနှိုင်းမှုတွေက ရပ်တန့်သွားခဲ့ပါပြီ။ ဒါကြောင့် ကစားသမားက ဒီနေ့မနက်ပိုင်းမှာပဲ အင်္ဂလန်မြေဆီ ပြန်လည်ထွက်ခွာလာပါလိမ့်မယ်။ တဖက်မှာလည်း ကန်တီရဲ့ဥရောပမြေဆီပြန်လာနိုင်မယ့် အလားအလာတွေနဲ့ပတ်သက်လို့ ကစားသမားရဲ့အစ်ကိုဖြစ်သူနဲ့ အေတီကိုတို့ ဆွေးနွေးနေပြီလို့ Relevo သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ် ကစားသမားက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့် ဂလယ်ဟာရဲ့ပြောင်းရွှေ့ကြေးထက် သက်သာတဲ့နှုန်းထားတစ်ရပ်ဖြင့် ညှိနှိုင်းလို့ရနိုင်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ထိုက်သင့်သလောက်ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကန်တီအတွက် စိတ်ဝင်စားမှုတွေ ပြန်လည်ပေါ်ပေါက်လာပြီး ဝက်စ်ဟမ်းအသင်းရဲ့သူ့ကိုခေါ်ယူနိုင်ရေး ကြိုးပမ်းမှုလည်း ရှိခဲ့ဖူးပါတယ်။

နည်းပြသစ်လိုပက်တယ်ဟီနဲ့ရှေ့ဆက်တော့မယ့် ဝက်စ်ဟမ်းရဲ့ ပေါင် ၁၅ သန်း အဖွင့်ကမ်းလှမ်းမှုကို အယ်လ်အစ်တီဟတ်က ပယ်ချလိုက်ပြီး ကစားသမားကို ရောင်းချသွားမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

Atletico Madrid not comfortable with Gallagher

အသက်-၃၃ နှစ်အရွယ် ကစားသမားကလည်း ဘန်ဇီးမား၊ ဖာဘင်ဟို၊ အသင်းဖော်သစ် ဒီယာဘီတို့နဲ့အတူ ဆော်ဒီပရိုလိဂ်ကလပ်အတွက် ပါဝင်ယှဉ်ပြိုင်ကစားနေခြင်းအပေါ် ကျေနပ်ပျော်ရွှင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် Relevo သတင်းဌာနရဲ့အဆိုအရ ကွင်းလယ်လူဟာ အေတီကိုဆီ ပြောင်းရွှေ့ရမယ်ဆိုရင်လည်း ပျော်ရွှင်နေလိမ့်မယ်လို့ သိရပါတယ်။

အေတီကိုက အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အယ်လ်ဗာရက်ဇ်၊ ဆိုလော့တို့ကိုခေါ်ယူကာ အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းပြီးနောက် ကွင်းလယ်ပိုင်းခိုင်မာတောင့်တင်းစေဖို့ အာရုံစိုက်လာပါတယ်။ ဒါပေမယ့် နောက်ဆုံးလုပ်ဆောင်ထားတဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုတွေကြောင့် ဘဏ္ဍာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ အေတီကိုအတွက် ဆော်ဒီမြေဆီရောက်ရှိလာပြီးကတည်းက အံ့အားသင့်ဖွယ်တိုးမြှင့်ရရှိနေတဲ့ ကန်တီရဲ့လုပ်ခလစာပိုင်းက အတားအဆီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ကန်တီက အယ်လ်အစ်တီဟတ်အတွက် ၄၄ ပွဲ ပါဝင်ကစားပေးကာ လေးဂိုးသွင်း၊ ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ပေးထားပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular