အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးပြိုင်ပွဲတွင် မန်စီးတီးကို တောက်လျှောက်တွန်းအားပေးနိုင်ခဲ့ပြီး ဖိုင်နယ်အဆင့်သို့ရောက်ရှိခဲ့ပြီး ထိပ်ဆုံးနှစ်သင်းကြား နှစ်မှတ်သာ ကွာဟာခဲ့တာကို တွေ့ခဲ့ရပါတယ်။
ဂန်နာတွေဟာ အီတလီနောက်ခံလူ ကလာဖီရီကို ခေါ်ယူခြင်းဖြင့် အားကောင်းလာအောင်ပြုလုပ်ထားကာ မကြာသေးမီက ရာသီကြိုခြေစမ်းပွဲ၌ ဂျာမန်ချန်ပီယံ လေဗာကူဆင်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းလည်းရှိနေပါတယ်။
အက်ဖ်အေဖလား ဖလားချန်ပီယံယူနိုက်တက်အသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲမတိုင်ခင်မှာ သူ့ရဲ့ချန်ပီယံဖြစ်နိုင်ချေရှိတဲ့ ပြိုင်ဘက်တွေအပေါ် စိုးရိမ်မိသလားလို့ မေးမြန်းရာမှာ ဂွါဒီယိုလာက “စိုးရိမ်မိတာပေါ့”
“သူတို့ ဘယ်လောက် ကောင်းနေလဲ။ နှစ်တိုင်း နှစ်တိုင်း ပိုကောင်းလာလို့ ကျွန်တော် စိုးရိမ်နေတာပါ”
“၀အာဆင်နယ်က မနှစ်ကနဲ့ အဆင့်တူ ကစားနိုင်တာကို ကျွန်တော်မြင်ခဲ့ရပါတယ်။ လေဗာကူဆင်နဲ့ သူတို့ရဲ့ ကစားပုံကို ကျွန်တော် မြင်ဖူးပါတယ်။ အရမ်းကိုကောင်းပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးခက်ခဲလာပုံရပါတယ်”
“ယူနိုက်တက်ကလည်း ပြန်လာပါလိမ့်မယ်၊ သူတို့ဟာ ကစားသမားတွေကို ဝယ်ယူခဲ့ပါတယ်။ လေးနှစ်ရှိပြီဖြစ်တဲ့ ချန်ပီယံဘွဲ့ကို လူတိုင်းက လိုချင်ကြပါတယ် ဒါကတော့ ရိုးရှင်းပါတယ်။ အဲဒါကို ကျွန်တော်တို့ ကာကွယ်ရမှာပါ” လို့ ဖြေပါတယ်။
အမေရိကမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ မန်စီးတီးဟာ ဆဲလ်တစ်နှင့် အေစီမီလန်တို့ကို ရှုံးနိမ့်ခဲ့သလို သာမန်ပွဲကစားချိန်အတွင်း ၂-၂ ဂိုးသရေကျခဲ့တာကြောင့် ပင်နယ်တီကန်သွင်းရာမှာလည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ကာ ချဲလ်ဆီးကို အနိုင်ယူခဲ့ပြီး အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်က နေရာသစ်ဖြစ်တဲ့ ဗဟိုခံစစ်မှူးနေရာမှာ ပါဝင်ကစားခဲ့ပါတယ်။
ဖီးလစ်က ကွန်မြူနတီဒိုင်းမှာ အဆိုပါအနေရာမှာ ပါဝင်နိုင်သလားလို့မေးရာတွင် ဂွါဒီယိုလာက “သူဟာ ဗဟိုကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ပွဲအားလုံးမှာ ကစားရတာ ကြိုက်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်”
“ကစားသမားတွေ ဝိုင်းရံထားတဲ့ အလယ်မှာ သူနည်းနည်း ရုန်းကန်ရပေမယ့် ရာသီကြိုခရီးစဉ်နောက်ဆုံး ၂ ပွဲမှာ ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ အဲဒီအနေအထားမှာ သူ မကစားခင်မှာ ကျွန်တော် သဘောပေါက်သင့်တယ်။ သူ့ယုံကြည်မှုပြန်ရလာပြီထင်ပါတယ်” လို့ ဖြေပါတယ်။
ဂွါဒီယိုလာက အင်္ဂလန်ရဲ့ ယူရို 2024 အသင်းလူစာရင်းမှ မပါဝင်ခဲ့တဲ့ ဂရီးလစ်ချ်ရဲ့ ရာသီကြိုက ခြေစွမ်းတွေကို အထင်ကြီးနေပါတယ်။
“အခုထိမြင်တွေ့ခဲ့ရတာတွေကို ကျွန်တော်သဘောကျပါတယ်။ လေ့ကျင့်မှုတိုင်းမှာ သူ့ရဲ့ ကတိကဝတ်နဲ့ ကြိုးစားမှုတွေပါ။ ဘာစီလိုနာကို ခံစစ်ကိုကျော်ပြီး ၅ ကြိမ် ၆ ကြိမ်လောက် ဂိုးကန်သွင်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အရည်အသွေးက ကျန်တာကို လုပ်သွားပါလိမ့်မယ်”
“ဒီအတိုင်း ရာသီကုန်အထိ ဆက်ထိန်းထားပြီး ရာသီအစ ပွဲထွက်လူစာရင်းအတွက် လူတိုင်းလိုပဲ ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါကတော့ သူ့အပေါ်မှာ မူတည်ပါတယ်” လို့ ဂွါဒီယိုလာက ဆိုပါတယ်။