ချယ်လ်ဆီးအသင်းသည် အယ်လ်ဘေးနီးယားတိုက်စစ်မှူး အာမန်ဒိုဘရိုဟာကို မူလသတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက် လျှော့ချပေး၍ ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
ဘရိုဟာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးကို မူလက ပေါင်သန်း(၅၀)ဟု ချယ်လ်ဆီး အသင်းက သတ်မှတ်ထားသော်လည်း ယခုအခါ ပေါင်(၃၅)သန်းဝန်းကျင်ဖြင့်ပင် ရောင်းထုတ်တော့မည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ကိုက်ညီမှုရှိရန်အတွက် နေရာမပေးနိုင်သည့်ကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေရာတွင် ဘရိုဟာလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဘရိုဟာကို ယခုလတွင် အငှားချ၍ ရာသီကုန်၌ ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်းသိရသည်။
ဘရိုဟာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားထားပြီး ၂ ဂိုးသွင်းယူပေးထားသည်။