လီဗာပူးလ်အသင်းသည် အသင်း၏ အဓိကကစားသမား (၃) ဦးဖြစ်သည့် ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့အား စာချုပ် သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
ဆာလာ၊ ဗန်ဒိုက်နှင့် အာနိုးလ်တို့ (၃) ဦးစလုံးမှာ ၂၀၂၅ ခုနှစ်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
အဆိုပါကစားသမား (၃) ဦးစလုံးသည် လီဗာပူးလ် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အခက်အခဲမရှိကြောင်းလည်း The Athletic က ဖော်ပြခဲ့သည်။
လက်ရှိတွင် အဆိုပါကစားသမား (၃) ဦးစလုံးသည် အသင်းအတွက်သာ အာရုံစိုက်ထားကြောင်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။