spot_img

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဘရိုက်တန် နှင့် စပါး (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

စပါးအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို အနိုင်ကစားခဲ့တယ်။ အဲဗာတန်အပါအဝင် စပါးကနောက်ဆုံး ၃ ပွဲမှာ နယူးကာဆယ်၊ နော်တင်ဟမ်၊ အဲဗာတန်  ၃ ပွဲဆက် နိုင်ပွဲယူနိုင်ခဲ့ပြီး ဒီ ၃ ပွဲမှာ သွင်းဂိုးစုစုပေါင်း ၈ ဂိုးအထိလည်း သွင်းယူနိုင်ခဲ့တာကိုတွေ့ရတယ်။ ဘရိုက်တန်အသင်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းကျဆင်းနေတာ တွေ့ရတယ်။ ဒါပေမဲ့ ဘရိုက်တန်ရဲ့ ခြေစွမ်းက တော်တော်လေး ဆွဲဆောင်မှုရှိပြီး ကစားကွက်လည်းကောင်းတယ်။ အသင်းကြီးတွေနဲ့အိမ်ကွင်းပွဲစဉ်တွေမှာ ဘရိုက်တန် ပိုခြေတွေ့လေ့ရှိတာကိုလည်း တွေ့ရတယ်။ လက်ရှိအချိန်မှာ စပါးအသင်းက  ခြေတက်နေပြီး၊ ရလဒ်ပိုကောင်းတာမှန်ပေမယ့် ဘရိုက်တန်ကိုပဲ ကြိုက်တယ်။ 

myan789

အာဆင်နယ် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၄၅ နာရီ)

အာဆင်နယ်အသင်းက ဒီပွဲနိုင်ရင် ရာသီဝက်ချန်ပီယံ ဖြစ်လာလိမ့်မယ်။ အာဆင်နယ်အသင်းရဲ့ လက်ရှိခြေစွမ်းက အားရစရာကောင်းပြီး၊ အန်ဖီးလ်မှာ လီဗာပူးလ်ကို သရေကစားနိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ယုံကြည်မှုကလည်း တော်တော်လေး အားကောင်းနေတယ်လို့ ဆိုနိုင်တယ်။ ဝက်စ်ဟမ်းအသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ကို အနိုင်ကစားခဲ့ခြင်းအပါအဝင် ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲ မှာ ၅ ပွဲနိုင်၊ ၁  ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတယ်။ ဝက်စ်ဟမ်းရဲ့တိုက်စစ်ပိုင်းမှာ ဘိုဝင်၊ ကူဒူစ်၊ ပါကေတာတို့ ခြေစွမ်းပြနေသလို ကွင်းလယ်က အယ်လ်ဗာရက်ဇ်၊ ဆူချက်ခ်တို့ကလည်း တော်တော်လေး အားကောင်းတဲ့အနေအထားမှာရှိတယ်။ အာဆင်နယ်အသင်းက ပိုမိုအားကောင်းတဲ့အသင်းဖြစ်သလို၊ ကစားရမှာကလည်း အီမရိတ်စ်ဖြစ်နေလို့ အားသာတာမှန်ပေမယ့် ဝက်စ်ဟမ်းကို အနိုင်ရဖို့ ခက်ခက်ခဲခဲကစားရမှာပါ။ တစ်ခုရှိတာက ဝက်စ်ဟမ်းခံစစ်က နည်းနည်းအထလေးလို့ ဒီအချက်ကို အသုံးချနိုင်ရင်တော့ အာဆင်နယ်အသင်း ဂိုးရဖို့ သိပ်ခက်မှာမဟုတ်ဘူး။ အာဆင်နယ် ၂-၁ လောက် ဖြစ်မယ်ထင်တယ်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular