spot_img

လက်ရှိနည်းပြ ပီအိုလီနှင့် အေစီမီလန်အသင်း လမ်းခွဲခဲ့ပါက ဂျူဗင်တပ်စ်နှင့် အင်တာမီလန်နည်းပြဟောင်း ကွန်တီကို အစားထိုးဖွယ်ရှိကြောင်း သတင်းထွက်

အေစီမီလန်အသင်းသည် လက်ရှိနည်းပြ ပီအိုလီနှင့် လမ်းခွဲခဲ့ပါက ဂျူဗင်တပ်စ်နှင့် အင်တာမီလန်နည်းပြဟောင်း အန်တိုနီယိုကွန်တီကို အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း အီတလီမီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။

အေစီမီလန်အသင်း၏ တာဝန်ရှိသူများသည် လက်ရှိ အချိိန်တွင် ပီအိုလီ၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်း မရှိသဖြင့် အပြောင်းအလဲပြုလုပ်ရန် စဉ်းစားလာခြင်းဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြ ကွန်တီမှာ ၎င်းတို့၏ ဦးစားပေးပစ်မှတ်ဖြစ်နေကြောင်း သိရသည်။ 

myan789

ကွန်တီသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် ချယ်လ်ဆီးနှင့် စပါး တို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ၂၀၂၃ မတ်လတွင် စပါး အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။ ၎င်းသည် ဂျူဗင်တပ်စ်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းထွက်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် အေစီမီလန်နှင့် သတင်းလှုပ်ခတ်လာခဲ့ခြင်းဖြစ်သည်။ 

ပီအိုလီသည် အေစီမီလန်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၂၀၂၁-၂၂ ရာသီ၌ စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်သည်။ သို့သော် ပြီးခဲ့သည့်ရာ သီ၌ အဆင့်(၄)နေရာသာရရှိခဲ့ပြီး လက်ရှိရာသီတွင်လည်း မတည်ငြိမ်မှုများရှိလာသည့်အတွက် ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း သုံးသပ်မှုများရှိလာခဲ့ခြင်းဖြစ်သည်။ 

သို့ရာတွင် အေစီမီလန်အသင်းသည် ၎င်းနှင့် လမ်းခွဲမည်ဆိုလျှင်ပင် အလျင်စလိုပြုလုပ်မည်မဟုတ်ဘဲ နွေရာသီိမှသာ လမ်းခွဲဖွယ် ရှိကြောင်းလည်း သိရသည်။ အေစီမီလန်အသင်းသည် ပီအိုလီနေရာ အစားထိုးရန်အတွက် ကွန်တီအပြင် ယူ-၁၉ အသင်းကို ကိုင်တွယ်နေသော ကစားသမားဟောင်း အဘာတီကိုလည်း ချိန်ရွယ်နေကြောင်း သိရသည်။ 

အေစီမီလန်အသင်းသည် ကွန်တီအား လစာမြင့်မားစွာ ပေးချေရမည့်အခြေအနေကြောင့် အဘာတီကို ရွေးချယ်ဖွယ်ရှိကြောင်းလည်း အီတလီ မီဒီယာအချို့က သုံးသပ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular