spot_img

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီးစ်ဂျိမ်းစ် တံကောက်ကြောဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး လေးလခန့် အနားယူရဖွယ်ရှိ

ချယ်လ်ဆီးအသင်းခေါင်းဆောင် ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်သည် တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး လေးလခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား ရီးစ်ဂျိမ်းစ်သည် ဒီဇင်ဘာ ၁၀ ရက်က အဲဗာတန်အသင်းနှင့်ကစားသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဒူးဒဏ်ရာကြောင့် နိုဝင်ဘာ ၂၅ ရက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်အဖြစ် ပြန် လည်ကစားခွင့်ရသည့်ပွဲမှာပင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

myan789

ဒဏ်ရာခွဲစိတ်ကုသသည့်အကြောင်းကို ရီးစ်ဂျိမ်းစ်က Instagram မှတစ်ဆင့် အသိပေးပြောကြားပြီး အနားယူရမည့်ကာလကိုမူ ထည့်သွင်းပြောကြားခြင်းမရှိပေ။     

“ကျွန်တော် ဒဏ်ရာရထားတဲ့အကြောင်းကို ဘောလုံးလောကတစ်ခုလုံး သိပါတယ်။ ဒါပေမဲ့ အကောင်းဆုံးအဖြေကိုရှာတွေ့ဖို့ အတွက် လုပ်ထုံးလုပ်နည်းအရ ကျွန်တော် အချိန်ယူတာ နည်းနည်းကြာသွားတယ်။ တံကောက်ကြောပြဿနာကို ပြင်ဆင်ဖို့  ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ပြန်လည်ကောင်းမွန်လာဖို့ စလုပ်နေပါပြီ။ ဒဏ်ရာရရှိကတည်းက ကျွန်တော့်မှာ ကောင်းမွန်တဲ့ အထောက်အပံ့တွေရခဲ့ပါတယ်။ ဒါပေမဲ့ အမုန်းတရားနဲ့ အဆိုးမြင်မှုတွေကလည်း သိသိသာသာပိုများလာတယ်။ ကျွန်တော့်အနေနဲ့ ဒဏ်ရာတွေမရချင်ဘူးဆိုတာ ယုံကြည်ပေးပါ။ ကျွန်တော်က ဘောလုံးကစားရတဲ့အချိန်ဆို အပျော်ဆုံးပါပဲ။ အနိမ့်အမြင့်တွေရှိပေမဲ့ ကျွန်တော့်ကို နားလည်ပြီး ပံ့ပိုးပေးကြသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီခရီးက အဝေးကြီးသွားရမှာပါ။ နေကောင်းပါစေ ရီးစ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရီးစ်ဂျိမ်းစ်သည် ခြေစွမ်းကောင်းမွန်သော်လည်း ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး တံကောက်ကြောဒဏ်ရာမှာ တတိယအကြိမ်ရရှိခြင်းဖြစ်သည်။ ၎င်းအနေ ဖြင့် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ၁၄ ပွဲနှင့် လူစားဝင်အဖြစ် နှစ်ပွဲသာ ကစားခွင့်ရခဲ့သလို ယခုရာသီတွင်လည်း ပွဲထွက်ကစားသမား အဖြစ် ငါးပွဲနှင့် လူစားဝင်အဖြစ် သုံးပွဲသာ ကစားခွင့်ရထားသည်။ 

ရီးစ်ဂျိမ်းစ်သည် ချယ်လ်ဆီးအသင်း၏ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ယခုရာသီမှစ၍ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရခြင်းဖြစ်သည်။ ၎င်းအနားယူရမည့်ကာလကို ထုတ်ပြန်ခြင်းမရှိသော်လည်း လေးလခန့်အနားယူရနိုင်ကြောင်း ခန့်မှန်းထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular