ဒူးဒဏ်ရာကြောင့် အနားယူနေရသည့် လီဗာပူးလ်ကွင်းလယ်ကစားသမား မက်အယ်လစ္စတာသည် ဇန်နဝါရီလတွင်မှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။
မက်အယ်လစ္စတာသည် ဒီဇင်ဘာ (၆)ရက်က ရှက်ဖီးယူနိုက်တက်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယင်းဒဏ်ရာ မှာ တစ်ပတ်ခန့်သာ အနားယူရမည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း ဒဏ်ရာအခြေအနေမှာ ထင်မှတ်ထားသလောက် တိုးတက်မှုမရှိကြောင်း သိရသည်။
မက်အယ်လစ္စတာသည် လီဗာပူးလ်အသင်းနှင့် ပြိုင်ပွဲစုံပွဲစဉ် (၄) ပွဲကို လွဲချော်ခဲ့သလို၊ ဒီဇင်ဘာ (၂၃) ရက်တွင် ကစားမည့် အာဆင်နယ်နှင့်ပွဲ၊ ဒီဇင်ဘာ (၂၆) ရက်တွင်ကစားမည့် ဘန်လေနှင့်ပွဲများကိုပါ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။