မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းသမိုင်းတွင် မရဖူးသေးသည့် ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဒီဇင်ဘာ (၁၉)ရက်က ကစားသည့် ဖီဖာကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ဂျပန်ကလပ် အူရာဝရတ်အသင်းကို (၃-၀)ဂိုး ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် ဘရာဇီးလ်ကလပ် ဖလူမင်နန်ဆီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဖီဖာကလပ်ကမ္ဘာ့ဖလားမှာ တစ်သက်တွင် တစ်ခါသာရနိုင်သည့်အခွင့်အရေးဖြစ်ပြီး အသင်းသမိုင်းတွင် မရဖူးသေးသည့်ဖလားကို ရယူရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက ”ဖီဖာကလပ်ကမ္ဘာ့ဖလားက အသင်းအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ကစားသမားတွေ သိပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ဖို့အတွက် အားထုတ်ခဲ့ရတာတွေက အတော်လေးကို ခက်ခဲပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကမှ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရတာပါ။ ဒါကြောင့် ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဗိုလ်လုပွဲရောက်နေပါပြီ။ အသင်းသမိုင်းမှာမရှိတဲ့ ဖလားကို ကျွန်တော်တို့ ရယူဖို့ ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
မန်စီးတီးနှင့် ဖလူမင်နန်ဆီ်တို့၏ ဖီဖာကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဒီဇင်ဘာ (၂၂)ရက်(သောကြာနေ့)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။