ချယ်လ်ဆီး – နယူးကာဆယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် နံနက် ၂း၃၀ နာရီ)
ချယ်လ်ဆီးအသင်းရဲ့ရလဒ်တွေက ရိုလာကိုစတာလို ဖြစ်နေပြီး ပြိုင်ဘက်အသင်းတွေကို ချိန်ထိုးကြည့်ရင်တော့ အခြေ အနေမကောင်းဘူးလို့ပဲ ပြောရမယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ နောက်ဆုံး(၄)ပွဲမှာ မန်စီးတီးကိုသာ သရေကျပြီး တခြား(၃)ပွဲတော့ အနိုင်ကစားထားတယ်။ နယူးကာဆယ်ကလည်း ချယ်လ်ဆီးလိုပဲ မတည်မငြိမ်ဖြစ်နေတဲ့အသင်းပါ။ အဝေးကွင်းနောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး (၁)ပွဲသာ သရေကျခဲ့တာ ဖြစ်တယ်။ ဥရောပပွဲမရှိတဲ့ ချယ်လ်ဆီးအသင်းအဖို့ ပြည်တွင်း ဖလားပွဲတွေကို အာရုံစိုက်နေတာ သေချာပြီး နည်းပြ ပိုချက်တီနိုအတွက်လည်း လိဂ်ဖလားက ထွက်ပေါက်တစ်ခုလိုဖြစ်နေတာ ထည့်တွက်ရမယ်။ နယူးကာဆယ်ကလည်း ချန်ပီယံလိဂ်ကထွက်ထားရလို့ ဖိဖိစီးစီးကစားဖို့ ရှိပါတယ်။ အစဉ်အလာပိုကောင်းတဲ့ ချယ်လ်ဆီးအသင်းဘက်ကပဲ ရပ်တည်ချင်တယ်။
အဲဗာတန် – ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် နံနက် ၂း၁၅ နာရီ)
အဲဗာတန်အသင်းရဲ့လတ်တလော Form ကတော့ အရမ်းကောင်းနေတယ်။ ဖူလ်ဟမ်အသင်း အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့ပေမဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို ထည့်တွက်ရမယ်။ အဝေးကွင်းဖြစ်ပေမဲ့ ဖူလ်ဟမ်ကိုပဲ ရွေးချယ်ချင်တယ်။
ပို့တ်ဗေးလ် – မစ်ဒယ်ဘရော့ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် နံနက် ၂း၁၅ နာရီ)
League One ကလပ် ပို့တ်ဗေးလ်နဲ့ League Championship ကလပ် မစ်ဒယ်ဘရော့တို့ကြားမှာ ခြားနားချက်တော့ ရှိပါတယ်။ နှစ်သင်းစလုံးက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ အမှတ်သိပ်မလိုတဲ့အခြေအနေမို့လို့ လိဂ်ဖလားကို အာရုံစိုက်ကစားနိုင်တယ်။ မစ်ဒယ်ဘရော့ကို ပိုကြိုက်တယ်။