spot_img

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်းဖြစ်လိမ့်မည်ဟု ၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်း ပြောကြား

မန်ယူအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အက်သလက်တီကို၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်း ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်သည်။ ထို့ ကြောင့် ၎င်းကို ခေါ်ယူရန် မန်ယူအပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ 

myan789

သို့သော် ဂရီးဇ်မန်းက မိမိအနေဖြင့် အက်သလက်တီကိုအသင်းတွင် ပျော်ရွှင်နေပြီး အက်သလက်တီကိုအသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်း ဖြစ်လိုသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂရီးဇ်မန်းက “အက်သလက်တီကိုအသင်းက ဥရောပမှာ ကျွန်တော် ကစားတဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်စေချင်ပါတယ်။ ပြီးတော့ တခြားတစ်နေရာတစ်ခုခုမှာ ကျွန်တော် ကစားချင်ပါတယ်။ အက်သလက်တီကိုမှာ ကျွန်တော် ဆက်ကစားချင်ပြီး အသင်းကလည်း ကျွန်တော်ကို လိုအပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ထိပ်တန်းခြေစွမ်းကို ထိန်းထားနိုင်ရင် အသင်းမှာဆက်ကစားရမှာပါ။ ဘာတွေ ဖြစ်မလာလဲ စောင့်ကြည့်ရမှာပါ”ဟု ပြောကြားခဲ့သည်။ 

ဂရီးဇ်မန်းသည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ၎င်း၏ အသက်မှာ ၃၅ နှစ်ရှိမည်ဖြစ်သည်။ ဂရီးဇ်မန်းက ၎င်းအနေဖြင့် ကစားသမားဘဝကို အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲတွင် အဆုံးသတ်လိုကြောင်း ဝန်ခံပြောကြားထားသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular