ချဲလ်ဆီး vs ရှက်ဖီး
ချဲလ်ဆီးတို့ ရှက်ဖီးကိုသာ ရှုံးခဲ့မယ်ဆိုရင်တော့ ပြသနာ များသွားမှာပါ။ ချဲလ်ဆီးဟာ အဆင့် ၁၂ နေရာက အသင်း ဖြစ်ပြီး ဒီပွဲကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ရှက်ဖီးကိုမှ အိမ်ကွင်းမှာ မနိုင်ဘူးဆိုရင်တော့ ချဲလ်ဆီးရဲ့ ဒီရာသီ အခြေအနေက မတွေးဝံ့စရာပါပဲ။
ခန့်မှန်းချက် : ၁-၀
မန်စီးတီး vs ပဲလေ့စ်
ပဲလေ့စ်ဟာ အတိတ်မှာတုန်းက မန်စီးတီးကို အီတီဟတ်မှာ အံ့အားသင့်စေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီအချိန်မှာ ပုံစံကောင်း ပျောက်နေတဲ့အသင်းပါ။ ရွိုင်းဟော့ဆန်ဟာ ပြီးခဲ့တဲ့အပတ်က ဒဏ်ရာတွေ ပွဲပယ်တွေ ရခဲ့ပါတယ်။ ဒါ့ကြောင့် ဒါဟာ ပဲလေ့စ်အတွက် ခက်ခဲတဲ့နေ့ ဖြစ်လာမှာပါ။ စီးတီးအနေနဲ့ နောက်ထပ် အမှတ်တွေဆုံးရှုံးလို့ သိပ်မရတော့ပါဘူး။ ကျနော်ကတော့ စီးတီးတို့ နိုင်ပွဲဆက်အုံးမယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် : ၃-၀
အာဆင်နယ် vs ဘရိုက်တန်
ဒါဟာ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဆိုတာ အသေအချာပါပဲ။ အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုးတော့ အဖြစ်ခံလို့ မရပါဘူး။ သူတို့ အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးခဲ့တာပါ။ ဘရိုက်တန် အကြောင်းကို ကျနော်တို့ အားလုံး သိပြီးသားပါ။ သူတို့ဟာ ဘောလုံးကို အကောင်းဆုံး ကစားပြီး အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ သူတို့ဟာ ရှုံးပွဲတွေ ကြုံတက်ပါတယ်။ ဘယ်အသင်းမှာ ကစားပုံ ပြောင်းလဲမှာ မဟုတ်တာကြောင့် ကြည့်ကောင်းမယ့်ပွဲပါ။ ကျနော်ကတော့ အာဆင်နယ်ကိုပဲ ရွေးချယ်ပါတယ်။
ခန့်မှန်းချက် : ၃-၂
လီဗာပူး vs မန်ယူနိုက်တက်
လီဗာပူးမှာ ဆာလားက အဓိကပါ။ ဒါပေမယ့် သူတို့ဟာ ကစားသမားကောင်းတွေ အများကြီး ရှိနေပါတယ်။ ကလော့ဟာ မန်ယူနိုက်တက်တို့ ပုံစံကောင်း ရနေတဲ့ ပြီးခဲ့တဲ့ရာသီတုန်းကတောင်မှ အားနည်းချက်ကို ရှာဖွေနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲကို အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်သွားမှာ ဖြစ်ပြီး ဂိုးလည်း အရင် ရနိုင်ပါတယ်။
မန်ယူနိုက်တက်ဟာ ပြိုင်ဘက်က ရလဒ်အတွက် ဂိုးသွင်းဖို့ လိုအပ်တဲ့အခါမှာ ဂိုးတွေ သွင်းယူလေ့ရှိပါတယ်။ မန်ယူနိ်ုက်တက်ဟာ နောက်ဆုံး ၂ ပွဲဆက် ဂိုးပေါက်ပျောက်ထားပါတယ်။ အခုဆိုရင် သူတို့ လီဗာပူးနဲ့ ကစားရမှာပါ။ ကျနော်ကတော့ မန်ယူနိုက်တက်တို့ ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေ ရတာ မြင်ချင်ပါတယ်။ မန်ယူနိုက်တက်တို့ ဂိုးသွင်းနိုင်မယ်လို့ ပြောရတာ ကျနော့်ဘက်က သိပ်ပြီး အားမရှိပါဘူး။
ခန့်မှန်းချက် : ၂-၀
အခြားပွဲစဉ်တွေ အတွက် ခန့်မှန်းချက်များ
ဘုန်းမောက် ၂-၁ လူတန်
နယူးကာဆယ် ၁-၁ ဖူဟမ်
ဘန်လေ ၂-၁ အဲဗာတန်
၀က်ဟမ်း ၂-၁ ဝုဖ်
ဘရန့်ဖို့ဒ် ၀-၂ ဗီလာ