အက်စတွန်ဗီလာအသင်း၏ အသင်းခေါင်းဆောင် ဂျွန်မက်ဂင်က အဝတ်လဲခန်းအတွင်း ချန်ပီယံဆုအကြောင်း မပြောရန် အသင်းဖော်များကို တားမြစ်ပိတ်ပင်ထားသည်ဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲအိမ်ကွင်း(၁၅)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် အာဆင်နယ်တို့ကို အနိုင်ယူကာ လက်ရှိအချိန်တွင် အမှတ်ပေးဇယားတတိယနေရာ၌ ရပ်တည်နေသည်။
သို့သော် မက်ဂင်က ”ပွဲစဉ် (၁၆)သာ ရှိသေးတာကြောင့် ခရီးအရှည်ကြီးသွားရဦးမှာပါ။ ဒါကြောင့် T-word (ချန်ပီယံဆုနှင့် ပတ်သက်သည့်စကား) မပြောဖို့ ကျွန်တော် တားမြစ်ထားပါတယ်”ဟု ဆိုခဲ့သည်။