အမ်ပိုလီ နှင့် လက်ချီ (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
လက်ချီက စီးရီးအေနောက်ဆုံး (၉)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပေမဲ့ ထိပ်သီးအသင်းအများစုကိုပဲ အရှုံးပေးခဲ့ရတာပါ။ အမ်ပိုလီကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ လက်ချီ အမှတ်ရပါလိမ့်မယ်။
ကာဂလီယာရီ နှင့် ဆာဆူအိုလို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
နည်းပြ ရာနီရေးရီရဲ့ ကာဂလီယာရီက ရာသီအစကလို မဟုတ်တော့ပါဘူး။ ရလဒ်ရော ခြေစွမ်းပိုင်းပါ သိသိသာသာ တက်လာတယ်။ ဆာဆူအိုလိုက ခံစစ်အားနည်းချက်တွေများပြီး ပေးဂိုးနှုန်း သိသိသာသာများလာတယ်။ ကာဂလီယာရီ အမှတ်ရမှာပါ။
ဗယ်လက်ကာနို နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
အစဉ်အလာမှာတော့ ဆယ်လ်တာဗီဂိုကို ဗယ်လက်ကာနို မယှဉ်နိုင်ဘူး။ နိုင်ပွဲရဖို့ အမြဲခက်လေ့ရှိတယ်။ ဆယ်လ်တာဗီဂိုနဲ့ အိမ်ကွင်းနောက်ဆုံးတွေ့ဆုံမှု (၂)ပွဲစလုံးလည်း သရေပဲကစားထားနိုင်တယ်။ ဆယ်လ်တာဗီဂိုကလည်း နိုင်ပွဲရဖို့ခက်နေပေမဲ့ ခုနောက်ပိုင်း မရှုံးအောင်တော့ ပိုထိန်းကစားနေတာတွေ့ရတယ်။ ဂိုးနည်းသရေပွဲဖြစ်သွားဖို့များလိမ့်မယ်။