လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒူးအရွတ်ကြောဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မည့် မာတစ်နေရာတွင် အစားဝင်ရန် လူငယ်နောက်ခံကစားသမား ကွန်ဆာ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မာတစ်(၃၂ နှစ်)သည် ဒူးအရွတ်ကြောဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူဖွယ်ရှိနေပြီး ယင်းမှာ လီဗာပူးလ်ခံစစ်ပိုင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။
သို့သော် ယခုရာသီတွင် လီဗာပူးလ်အတွက် ပွဲကစားခွင့်ရနေသည့် ကွန်ဆာအနေဖြင့် မာတစ်နေရာ အစားဝင်နိုင်ကြောင်း ဗန်ဒိုက်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗန်ဒိုက်က “ဒါဟာ ကွန်ဆာအတွက် အခွင့်အရေးပါပဲ။ ပြီးတော့ ကျွန်တော်တို့မှာ ကိုနာတေးလည်း ရှိပါသေးတယ်။ ကွန်ဆာဟာ ဒီရာသီမှာ ကောင်းကောင်းကစားနေသူဖြစ်ပြီး ကျွန်တော်တို့အားကိုးလို့ ရပါတယ်”ဟု ပြောကြားခဲ့သည်။ ကွန်ဆာသည် လီဗာပူးလ်အတွက် ယခုရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားသည်။