တားမြစ်ဆေးဆန့်ကျင်ရေး ရှေ့နေများသည် ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာကို ပွဲပယ်ပြစ်ဒဏ် (၄)နှစ်အထိ ချမှတ်ရန် တောင်းဆိုထားကြောင်း သိရသည်။
ပေါ့ဘာသည် နောက်တစ်ကြိမ်ထပ်မံစစ်ဆေး မှုတွင်လည်း တားမြစ်ဆေးသုံးစွဲထားကြောင်း အဖြေထွက်ခဲ့သည့်အတွက် ရှေ့ နေများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အသက်(၃၀)ရှိပြီဖြစ်သည့် ပေါ့ဘာအနေဖြင့် (၄) နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပါက ကစားသမားဘဝ အဆုံးသတ်ဖွယ်ရှိနေပြီဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် ပေါ့ဘာ၏ အခြေအနေကို စောင့်ကြည့်နေပြီး စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။