လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းညာနောက်ခံကစားသမား အာနိုးလ်ကို ကွင်းလယ်ကစားသမားအဖြစ် အမြဲအသုံးပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အာနိုးလ်သည် ယခုရာသီ လီဗာပူးလ်ပွဲစဉ်များတွင် ကွင်းလယ်တက်ကစားပြီး ခြေစွမ်းပြဂိုးများသွင်းယူနေသဖြင့် ၎င်းကို အချိန်ပြည့်ကွင်းလယ်ကစားသမားအဖြစ် အသုံးပြုရန် အကြံပြုမှုများရှိနေသည်။
သို့သော် ကလော့ပ်က ”အာနိုးလ်က လီဗာပူးလ်ရဲ့အကောင်းဆုံးညာနောက်ခံလူပါ။ သူ့ကို ကွင်းလယ်ကစားသမားအဖြစ် ပြောင်းဖို့ ကျွန်တော် ဆန္ဒမရှိပါဘူး”ဟု ပြောကြားခဲ့သည်။